ကောသလအိပ်မက် ၁၆-ချက်
(၁) အေမး။ ။ နွားနက်လေးခု ေ၀့ှမှုဟနျပွငျ၊ မေ၀့ှကွဘဲ ရှောင်လွှဲသည်မြင်။
အဖြေ။ ။ အရှေ့အနောက် တောင်မြောက်မိုးဆင်၊ ခြိမ်းသံပေး မိုးေ၀းလှင့ျပြောကျစငျ။
(၂) အေမး။ ။ မြေကမကြွ ငယ်လှသစ်ပင်၊ ဖူးငုံရင့်ပြီး ပွင့်သီးတွေမြင်။
အဖြေ။ ။ အရွယ်မမျှ လုံမပျိုခင်၊ သမီးသား လင်ထား အိမ်ထောင်ဆင်။
(၃) အေမး။ ။ ယနေ့ဖွားစ နွားမနို့သာ၊ မိခင်နွားကြီး စို့ပြီးနေရှာ။
အဖြေ။ ။ သမီးနှင့်သား စီးပွားဆိုင်ရာ၊ မိနှင့်ဖ ကြွေးမှ စားရမွာ။
(၄) အေမး။ ။ နွားကြီးမကြိုက် ၀နျတိုကျနှားငယျ၊ မရုန်းနိုင်ဘဲ ၀တျလဲနတေယျ။
အဖြေ။ ။ ကြီးသူဖယ်ရှား မျှောက်စားသူငယ်၊ တိုင်းပြည်ရေး ရှုပ်ထွေးပွေတော့တယ်။
(၅) အေမး။ ။ ခံတွင်းနှစ်ခွ၊ မြင်းလှရာဇာ၊ ကြေှးကြေှးသမြှ မ၀နိုင်ပါ။
အဖြေ။ ။ မူးမတ်မင်းစိုး၊ လာဘ္ထိုးသူရွာ၊ နှစ်ဘက်စား တရားစီရင်မှာ။
(၆) အေမး။ ။ ခွေးအိုထံဆက်၊ ရွှေခွက် သိန်းတန်၊ ကျင်ငယ်အမြဲ၊ ခွက်ထဲစွန့်ပြန်။
အဖြေ။ ။ မျိုးမြတ်သမီး၊ ပစ္စည်းမက်ဟန်၊ အမျိုးယုတ်၊ လင်လုပ်ပေါင်းဆက်ဆံ။
(၇) အေမး။ ။ ရှေ့ကကျစ်ချ၊ လွန်းစကြိုးကို၊ ခွေးမခိုးစား၊ ကိုက်ဝါးကာမျို။
အဖြေ။ ။ လင်ကြီးပစ္စည်းသိမ်းဆည်းမသို၊ လင်မျှောင်အား မယားလောကွတ်ပို။
(၈)အေမး။ ။ အိုးငယ်ချည်းနှီး၊ အိုးကြီးရေလျှံ၊ အိုးကြီးကိုပဲ၊ ရေဆွဲလောင်းပြန်။
အဖြေ။ ။ ဆင်းရဲသူများ၊ ၀တျစားမကနြျ၊ အခွန်တွက်၊ နှိပ်စက်ငွေတောင်းခံ။
(၉)အေမး။ ။ ကြာမျိုးငါးပါး၊ ပွင့်ကြရေကန်၊ ရေလယ်နောက်လျှက်၊ ကမ်းဘက်ကြည်ပြန်။
အဖြေ။ ။ မြို့တွင်းပွေရှုပ်၊ ခွန်တုတ်ကောက်ခံ၊ မြို့ပြင်ထွက်၊ပြည့်နှက်စည်ကားရန်။
(၁၀) အေမး။ ။ တအိုးတည်းချက်၊ အကျက်မညီ၊ ထမင်းမာဆပ်၊ ပျော့နပ်သုံးလီ။
အဖြေ။ ။ မင်းနှင့်လူများ၊ တရားမညီ၊ မိုးသုံးစား၊ ကွက်ကြားရွာချမည်။
(၁၁) အေမး။ ။ မွှေးထုံနံ့ကြူး၊ စန္ဒကူးသိန်းတန်၊ ပုန်းရည်နှင့်လဲ၊ သုံးစွဲစားပြန်။
အဖြေ။ ။ အလဇ္ဇီများ၊ တရားဖိုးတန်၊ ငွေနှင့်လဲ၊ အမြဲဟောမည်မှန်။
(၁၂) အေမး။ ။ သံကြေးသံပေါင်း၊ ဘူးတောင်းဘူးအုံ၊ ရေတွင်စုပ်စုပ်၊ နစ်မြုပ်လုံးစုံ။
အဖြေ။ ။ ပညာရွိမ်ား၊ စကားဥဿုံ၊ ပြောသမျှ၊ လောက မသုံးကုန်။
(၁၃) အေမး။ ။ အိမ်လုံးတောင်လုံး၊ ကျောက်တုံးကျောက်ဖြာ၊ ရေမှာဖွားဖွားထင်ရှားပေါ်လာ၊
အဖြေ။ ။ ရဟန်းရှင်ဆိုး၊ လူဆိုးမ်ားသာ၊ ဂုဏ်ရောင်တိုး၊ တန်ခိုးပေါ်ထွက်မှာ။
(၁၄) အေမး။ ။ အဆိပ်ပြင်းတောက်၊ မြွေဟောက်ကြီးကို၊ ဖားငယ္မမ်ား၊ ကိုက်ဝါးကာမျို။
အဖြေ။ ။ ကညာယူထား၊ သက်ကြားဖိုးအို၊ မယားဆဲ၊ အမြဲအော်ငေါက်ဆို။
(၁၅) အေမး။ ။ အဆင်းမည်းနက်၊ ကြီးငှက်ထံမှာ၊ ရွှေဟင်္သာများ၊ ခစားနေရှာ။
အဖြေ။ ။ ပညာသီလ၊ ပြည့်၀သူဟာ၊ သူယုတ်အား၊ ၀ပျတှားနရေရှာ။
(၁၆) အေမး။ ။ ဆိတ်ကိုမြင်ငြား၊ ကြောက်အားပြင်းထန်၊ ခြငေ်္သ့သစ်ကျား၊ ခုန်လွှားပြေးပြန်။
အဖြေ။ ။ သူယုတ်မာများ၊ ထောင်လွှားနိုင်ငံ၊ သူတော်ကောင်း၊ ပုန်းအောင်းတောမြိုင်ယံ။
*(၁) အရပ်လေးမျက်နှာမှ လေးခုသော နွားလား ဥသဘတို့သည် လာလတ်၍ မင်းရင်ပြင်၌
ဝှေ့မည်ဟု တွန်မြည် ကြုံးဝါးလျက် မဝှေ့ပဲသာလျှင် ဖဲလေကုန်သည်ဟု မြင်မက်ပါသည်။*
နောင်အခါ တရားမစောင့်သော မင်းတို့ လက်ထက်၌ အရပ်လေးမျက်နှာမှ မိုးတို့သည်
ရွာအံသကဲ့သို့ ထစ်ကြိုးလျက် မရွာပဲသာလျှင် ပျောက်ပျက် ကုန်လတ္တံ့။ ထိုအခါ
ကောက်ပဲသီးနှံတို့ ပ်က္ဆီး၍ လူတို့၌ အစာရေစာ ရွားပါး ငတ်မွတ်ခြင်း ဖြစ်လတ္တံ့။
*(၂) နုနယ်သေးငယ်စွာသော အပင်တို့သည် ပွင့်ကြ သီးကြသည်ကို မြင်မက်ပါသည်။*
နောင်အခါ ဆုတ်ယုတ်သောကာလ လူတို့ အသက်တန်း တိုသော ကာလ၌ ယောင်္ကျား မိန်းမတို့သည်
ထက်သန် ပြင်းသော ရာဂ ရှိကုန်သည် ဖြစ်၍ ငယ်ရွယ်စဉ် အခါ၌ပင် အိမ်ထောင်ပြုခြင်း၊
သားမွေးခြင်း တို့ကို ပြုကုန်လတ္တံ့။
*(၃) နွားမကြီးတို့သည် မိမိတို့ မွေးစဖြစ်သော နွားမငယ်တို့၏ နို့ကို စို့သည်ဟု
မြင်မက်ပါသည်။*
နောင်အခါ ကြီးသောသူတို့အား အရိုအသေပြုခြင်း ပျောက်ကွယ်သော ကာလ၌ အမိအဖ၊ ယောက္ခမ
စသူတို့သည် ကိုးကွယ်ရာ မရှိကုန်သည် ဖြစ်သဖြင့် မိမိတို့၏ သားသမီး သားမက် ခြေှးမ
စသူတို့ထံ၌ ကပ်ရပ်၍ ငြိုငြင် ညှိုးငယ်စွာ အသက်မွေးရကုန်လတ္တံ့။
*(၄) လှည်းတို့၌ ဝန္ကို ဆောင်နိုင်သော နွားကြီးတို့ကို မကမူ၍ နွားငယ်တို့ကိုသာ
ကစေကုန်၏။ နွားငယ်တို့လည်း ဝန္ကို မနိုင်၍ လှည်းတို့ကိုလည်း ဆွဲခြင်းငှာ
မတတ်နိုင်သည်ကို မြင်မက်ပါသည်။*
နောင် တရားမစောင့်သော မင်းတို့ လက်ထက်၌ အသက်ကြီး ဝါကြီး ပညာရှိကုန်သော
သူတို့အား အမတ်၊ တရားသူကြီး စေသာ ရာထူးစည်းစိမ်တို့၌ မခန့်ထားမူ၍ အသက်၊ ဝါ၊ ပညာ
ငယ်ကုန်သော လူငယ်တို့အားသာ ခန့်ထားကြလတ္တံ့။ ထိုအခါ အခွင့်အရေးမသိ၊ မတော်
မမှန်ဖြစ်၍ အမှု မပြီး၊ အကျိုးမပြီး ရှိသောအခါ လူငယ်တို့သည် မိမိတို့၏ ရာထူး
စည်းစိမ်ကို စွန့်ကြလတ္တံ့။ လူကြီးတို့သည်လည်း ငါတို့မှာ ပြင်ပကသာ ဖြစ်၏ဟု
လျစ်လျှုပြု၍ နေကြလကုန်လတ္တံ့။ သို့ဖြစ်၍ တရားမစောင့် အမှုမပြီးကြသည်နှင့်
မင်းနှင့်တကွ တိုင်းပြည်ပါ ဆုတ်ယုတ် ပျက်ဆီးကြလတ္တံ့။
*(၅) ခံတွင်း နှစ်ခုရှိသော မြင်းသည် ကြေှးလာသော မုယောစပါး စသည်တို့ကို
ခံတွင်းနှစ်ခုဖြင့်ပင် စားသည်ဟု မြင်မက်ပါသည်။*
နောင် တရားမစောင့်သော မင်းတို့လက်ထက်၌ တရားမစောင့်သော တရားသူကြီးတို့သည်
နှစ်ဖက်သော အမှုသည်တို့မှ ပေးသော တံစိုးလက်ဆောင်တို့ကို စား၍ အမှုတို့ကို
မမှန်မကန် ဆုံးဖြတ်ကြကုန်လတ္တံ့။
*(၆) အဖိုးတသိန်း ထိုက်သော ရွှေခွက်ကို မြေခွေးဖိုအား ကျင်ငယ်စွန့်ရန် ပေး၏။
မြေခွေးလည်း ထိုရွှေခွက်၌ ကျင်ငယ်စွန့်သည်ဟု မြင်မက်ပါသည်။*
နောင် တရားမစောင့်သော မင်းတို့ လက်ထက်၌ အမျိုးမြတ်သော သူတို့သည် အချီးအမြှောက်
မခံရ၊ ဆင်းရဲကြ၍ အမျိုးယုတ်သော သူတို့ အစိုးတရ ကြွယ်ဝ ချမ်းသာကြလတ္တံ့။ ထိုအခါ
အမျိုးမြတ်တို့ အသက် မွေးခြင်းငှာ မတတ်နိုင်ကုန်သည် ဖြစ်၍ မိမိတို့ သမီးတို့ကို
အမျိုးယုတ်တို့အား ပေး၍ အသက်မွေး ကြကုန်လတ္တံ့။
*(၇) တယောက်သော ယောင်္ကျားသည် အင်းပျဉ်၌ ထိုင်လျက် လြန္ကို ကျစ်၍ ခြေရင်း၌ ထား၏။
ထို အင်းပျဉ်အောက်၌ရှိသော ဆာလောင်သော မြေခွေးမသည် ထိုယောင်္ကျား မသိစဉ်လျှင်
ထိုလြန္ကို စား၏ ဟု မြင်မက်ပါသည်။*
နောင်အခါ မိန်းမတို့သည် အစားအသောက်၊ အဝတ်၊ အနေအထို်င် စသည်တို့၌ လော်လည်ခြင်း
ရှိ၍ မိမိတို့ လင်ယောင်္ကျားသည် ဆင်းရဲငြိုငြင်စွာ ရှာဖွေ စုဆောင်းအပ်သော ဥစ္စာ
ပစ္စည်းတို့ကို အဝတ်အစား၊ အစားအသောက် တို့၌ လည်းကောင်း၊ သောက်စား ကစားခြင်းတို့၌
လည်းကောင်း၊ အပျော်အပါးတို့၌ လည်းကောင်း၊ သဘောက် လင်ငယ်ထားခြင်း တို့၌
လည်းကောင်း အရမ်းမဲ့လျှင် ဖြုန်းတီးလေလတ္တံ့။ ခွေးမသည် မသိ စဉ်းစား သကဲ့သို့
အိမ္သူ မိန်းမတို့သည် ဤသို့ တိတ်တဆိတ် ဖြုန်းတီး ခိုးစားကြလတ္တံ့။
*(၈) ရေမရှိသော အိုးတို့ဖြင့် ခြံရံအပ်သော ရေပြည့်အိုးကြီး တလုံးကို မြင်ရ၏။
လူတို့သည် အရပ် ၈ မျက်နှာမှ ရေကို ယူလာကြ၍ ထိုရေပြည့်အိုးကြီး
အတွင်းသို့သာလျှင် လောင်းထည့် ကြ၏။ လောင်းထည့်သော ရေတို့သည် ပြည့်လျှံ၍
ကျကုန်၏။ ဤသို့လျှင် အဖန် တလဲလဲ ရေပြည့်အိုးသို့သာ လောင်းလျှက် ရေမရှိသော
အျခံအရံ အိုးတို့ အတွင်းသို့ကား မည်သူမျှ မလောင်း မထည့်ပဲ နေသည်ကို
မြင်မက်ပါသည်။*
နောင်အခါ မကောင်းသော မင်းတို့ လက်ထက်၌ မင်းနှင့်တကွ လူတို့ တရားပျက်ကွက်၊
သြဇာညံ့ဖျင်း၊ ဆင်းရဲခြင်းသို့ ရောက်ကြကုန်လတ္တံ့။ ထိုအခါ မင်းအစိုးရတို့သည်
ဆင်းရဲသားတို့အား မင်း၏ အကျိုးစီးပွား အတြက္ကိုသာ လုပ်ကိုင်စေအံ။ ဆောင်ရွက်
စေအံ။ ထမ်းရွက်စေအံ။ သို့ဖြစ်ရကား မင်းတို့၌သာ ပြည့်စုံ အကျိုးခံစားကြရ၍
ဆင်းရဲသားတို့မှာ ရေမရှိသော အိုးတို့ပမာ တစုံတရာ မရှိ ငတ်မွတ်
ခေါင်းပါးခြင်းသို့ ရောက်ကုန်လတ္တံ့။
*(၉) နက်ရှိုင်း ကျယ်ဝန်းသော ရေကန်ကြီး တခုတွင် သတ္တဝါတို့ ဆင်း၍ ရေသောက်ကြ၏။
ကန်၏ အလယ် ရေနက်ရာ၌ ရေသည် နောက်၍ ကန်နားဝန်းကျင် ရေတိမ်ရာ သတ္တဝါတို့ နင်းရာ၌
ရေသည် ကြည်လင်၏ဟု မြင်မက်ပါသည်။*
နောင်အခါ တရားမစောင့်သော မင်းတို့သည် မတရား အုပ်စိုးခြင်း၊ တံစိုးစားခြင်း၊
လော်လည်ခြင်း၊ သနားညှာတာ ဂရုဏာ မဲ့ခြင်း၊ ကြမ်းကြုတ် ရက်စက်ခြင်းတို့ ရှိလျှက်
လူတို့အပေါ်၌ အထူးထူး အပြားပြားသော အချင်းအရာဖြင့် အခွန်အတုတ်တို့ကို ခွဲခန့်
ကောက်ယူလတ္တံ့။ ထိုအခါ လူတို့မှာ တစ်စုံတစ်ရာ မပေးဆောင်နိုင် ပင်ပန်းဆင်းရဲလျက်
မြို့ကြီးရပ်ကြီးတို့၌ မနေနိုင်ပဲ ရပ်စွန် ပြည်နားသို့ သွားရောက်နေကြရသည်
ဖြစ်လတ္တံ့။ ကန်အလယ်တွင်နောက်၍ ကန်ဘေးတွင် ကြည်သကဲ့သို့ မြို့လယ်ရွာလယ်၌
တိတ်ဆိတ်၍ ရပ်စွန်ပြည်နား၌ လူစည်ကားလတ္တံ့။
*(၁၀) တစ်လုံးတည်းသော အိုးဖြင့် တချိန်တည်းချက်သော ထမင်းသည် အချို့ပျော့၏၊
အချို့ မနပ်၊ အချို့နပ်၏။ ဤသို့ မြင်မက်ပါသည်။*
နောင် တရား မစောင့်သော မင်းတို့ လက်ထက်၌ မိုးကွက်ကြား ရွာလတ္တံ့။ ထိုအခါ
အချို့နေရာ၌ မိုးရွာလွန်း၍ ကောက်ပဲသီးနှံ ပျက်အံ။ အချို့နေရာ၌ မရွာ၍ ပျက်အံ။
အချို့နေရာ တွင်ကား မိုးမှန်၍ ကောင်းအံ။ ဤသို့လျှင် ထမင်းအိုးတွင် မြင်သော
ထမင်းကဲ့သို့ ကောက်ပဲသီးနှံ သုံးထွေ ပြားလတ္တံ့။
*(၁၁) အဖိုးတသိန်းထက်သော စန္ဒကူးနှစ်ကို ယက်တက်ပုပ်ရည်ဖြင့် ရောင်းစားသည်ကို
မြင်မက်ပါသည်။*
နောင်အခါ ငါဘုရား၏ သာသနာတော် ဆုတ်ယုတ်သော ကာလတွင် လော်လည်၍ လာဘ္လာဘကို မက်မော
ကုန်သော ရဟန်းအလဇ္ဇီ လူအလဇ္ဇီတို့သည် ဆွမ်း၊ ဆေး၊ ကျောင်း၊ သင်္ကန်း ဥစ္စာပစ္စည်း
စသည် တို့ကို အလိုရှိကုန်သည် ဖြစ်၍ လမ်းခရီးဆုံ၊ အိမ်ဝ၊ အိမ်ကြို အိမ်ကြားတို့၌
ငါဘုရား၏ တရားတော်ကို ဟောကြားလတ္တံ့။ နိဗ္ဗာန် အလို့ငှာ ဟောတော် မူအပ်သော အလွန်
မွန်မြတ်သော တရားတော်ကို တစ်ပဲ၊ တစ္မူး၊ တစ်ကျပ် စသည်တို့ အကျိုးငှာ ရောင်းစား
ဟောပြော ကြသည် ဖြစ်၍ တသိန်းထိုက်သော စန္ဒာကူးနှစ်ကို ယက်တက်ပုပ်ရည်ဖြင့်
ရောင်းစား သကဲ့သို့ ဖြစ်ကုန်လတ္တံ့။
*(၁၂) ဘူးတောင်းတို့သည် ရေ၌ နစ်သည်ဟု မြင်မက်ပါသည်။*
နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ အမျိုးယုတ်သော သူတိို့ကိုသာ ရာထူး
စည်းစိမ် ပေးသည် ဖြစ်၍ အမျိုးယုတ်တို့ တန္ခိုး အာဏာ ကြီးမား ထင်ပေါ် အရာရာတွင်
တွင်ကျယ်လျက် ၄င်းတို့ စကားသာလျှင် ဘုူးတောငျး နစ်သကဲသို့ နစ်၍ တည်ကုန်လတ္တံ့။
*(၁၃) ကျောက်ဖျာကြီး ရေတွင်ပေါ်သည်ဟု မြင်မက်ပါသည်။*
နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ တော်မှန် လိမ္မာ ပညာရှိသော သူတို့၏
စကားသည် မည်သည့် အရာ၌ မဆို လေးသော ကျောက်ဖျာ ရေတွင် ပေါ်သကဲ့သို့ နစ်တည်
ခြင်းမရှိ၊ မခို်င်မမြဲ ရှိကြကုန် လတ္တံ့။
*(၁၄) ဖားငယ္မ တို့သည် ကြီးစွာသော မြွေဟောက်ကြီးများကို စားမြိုသည်ဟု
မြင်မက်ပါသည်။*
နောင်အခါ လူတို့သည် ပြင်းသော ရာဂ ရှိကုန်သည် ဖြစ်၍ ကိလေသာ အလိုသို့ လိုက်လျက်
ငယ်ရွယ်ကုန်သော မယားတို့၏ အလိုသို့ လုံးဝ လိုက်ကြကုန် လတ္တံ့။ အလုပ်အကိုင်မှု၊
ဥစ္စာ ပစ္စည်းမှု၊ ကျေးကျွန်မှု၊ စီမံခန့်ခွဲမှု စေသာ အရပ်ရပ်တို့၌ လင်ပေါ်တွင်
လွှမ်းမိုး အုပ်စိုးခြင်းကို ပြုကြမည် ဖြစ်ရကား ဖားငယ်မသည် အဆိပ်လျင်သော မြွေကို
စားမျိုသကဲ့သို့ ဖြစ်ကုန်လတ္တံ့။
*(၁၅) မည်းနက် ရုပ်သွင်၊ အဆင်း ဆိုးဝါးသော ကျီးတို့ကို ရွှေ၏ အဆင်းနှင့် တူသော
ရွှေဟင်္သာ တို့က ခြံရံ နေကြသည်ကို မြင်မက်ပါသည်။*
နောင်အခါ အားနည်းသော မင်းတို့ လက်ထက်၌ ထိုမင်းတို့သည် ဆင်စီး မြင်းစီး စေသာ
အတတ်တို့၌ မလိမ္မာ၍ စစ်ထိုးခြင်း၌ မရဲရင့်ဘဲ ဖြစ်ကြကုန်လတ္တံ့။ ထိုအခါ တိုင်းပြည်
နိုင်ငံ ဆုံးရှုံးမည်ကို စိုး၍ တူသော ဇာတ်ရှိသော သူကောင်းသား တို့အား
အစိုးရခြင်းကို မေပးမူ၍ မိမိတို့ထံ၌ ခစား ကြကုန်သော အမျိုး ယုတ်သော
ကျေးကျွန်တို့အားသာ ပေးကုန်လတ္တံ့။ သို့ဖြစ်၍ အမျိုးကောင်းသားတို့ ကိုးကွယ်ရာ
မရှိပဲ အစိုးရခြင်း၌ တည်ကုန်သော အမျိုးယုတ်တို့ထံ၌ ခစားကြကုန် လတ္တံ့။
*(၁၆) ဆိတ်တို့သည် သစ္ကို သတ်စားကြသဖြင့် သစ်တို့သည် ကြောက်လန့်လျက်
ဆိတ်တို့ကို အေဝးမွ မြင်လျှင်ပင် တောချုံရှိရာသို့ ပြေးကြသည်ကို မြင်မက်ပါသည်။*
နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ အမျိုးယုတ်သော သူတို့ အစိုးရ
ကုန်သည် ဖြစ်၍ အမျိုးမြတ်သူတို့ မထင်ရှား ဖြစ်လတ္တံ့။ အမျိုးယုတ် သူတို့မှာ
မင်းကျွမ်းဝင်သည် ဖြစ်၍ တရားရုံးတို့၌ သြဇာအာဏာ လွှမ်းမိုးလျက်
အမျိုးမြတ်သူတို့၏ ဘိုးဘပိုင် လယ်မြေ ဥစ္စာ အရပ်ရပ်တို့ကို ငါတို့ လယ်မြေဥစ္စာ
ဖြစ်သည်ဟု သိမ်းယူကြ၍ တရားတဘောင် ဖြစ်လျှင် တန်ခိုးမဲ့သူတို့အား ဖိနှိပ်ပုတ်ခတ်
ခြိမ်းခြောက် နှင်ထုတ်လျက် အနိုင်ကျင့် ကြကုန်လတ္တံ့။ ထိုအခါ အမျိုးမြတ်သူတို့
ကြောက်လန့် စက်ဆုတ်ကုန်သည် ဖြစ်၍ လယ်ယာ ဥစ္စာတို့ကို ပေးအပ်ကုန်လျက်
အိမ်သို့ပြန်၍ အိပ်နေကြကုန်အံ။ ထိုမွ တပါးလည်း အကျင့်သီလရှိသော ရဟန်းတို့သည်
အကျင့်သီလမဲ့သော ရဟန်းတို့က ချုပ်ချယ် ဖိနှိပ်ကြလေသဖြင့် တောသို့ ပြေးဝင်
ပုန်းအောင်း ကြကုန်လတ္တံ့။ ဤသို့လျှင် အမျိုးကောင်း၊ သူတော်ကောင်း တို့လည်း
လွတ်ရာ ကျွတ်ရာ တောတောတောင်တောင် တို့ကို ပြေးပုန်း ကြကုန်လတ္တံ့။
*အမျိုးသား ပညာဝန် ဦးဖိုးက်ား၏ ငါးရာ့ငါးဆယ် ကောက်နုတ်ချက်များ (ပထမတွဲ) မွ
ကူးယူတင်ပြထားပါသည်။*