Wednesday, August 31, 2016

အရှင်ဇနကာဘိဝံသ တရားစာအုပ္မ်ား

အရှင်ဇနကာဘိဝံသ တရားစာအုပ္မ်ား 
DownLoad ရယူနိုင်သောနေရာ

>>>> စားအုပ္မ်ား DownLoad ရယူ ရန်ဒီမှာနိပ်ပါ <<<<


Monday, August 29, 2016

သေရမှာကြောက်သူနှင့်မကြောက်သောသူ တရားတော်

ကျေးဇူးတော်ရှှင် မိုးကုတ်ဆရာတော်ဘုရားကြီး
ဟောကြားတော်မူအပ်သော
သေရမှာကြောက်သူနှင့်မကြောက်သောသူ(ပြုံးသေ၊မဲ့သေ)တရားတော်

>>>>DownLoad<<<<
----------------------------------------------------------------

ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော်ဘုရား
သင်္ဂါယနာတင် အမေးအဖြေ
ဆင်ခြေရာခံဥပမာပေးတရားတော်

>>>>DownLoad<<<<


Saturday, August 27, 2016

ပညတ် နှင့် ပရမတ်


ပညတ် နှင့် ပရမတ်

ပညတ် ဆိုတာ ဘာလဲ ? အဟုတ်တကယ် ရှိသလို၊ လောကသငေ်္ကတ အမှတ်ဖြင့် ခေါျဝေါျကွတဲ့ သေဘာဟာ ပညတ် ဖြစ်ပါတယ်။

လောကီနယ်မှာ လူမျိုးအလိုက် ဒေသအလိုက် ကာလအလိုက် အမ်ားသေဘာတူ ခေါျဝေါျ သမုတ်ကြတဲ့ အမည် တွေသာ ဖြစ်ပါတယ်။

ဘယ်သူ့ကိုမှ လိမ်လည် လှည့်ပတ် အကျိုးမဲ့ဖြစ်အောင်၊ လုပ်ခြင်း မဟုတ်လို့.. မုသာဝါဒ မဖြစ်ပါဘူး။ အကုသိုလ် ကျူးလွန်ရာလဲ မရောက်ပါဘူး။ လောကီအလိုက် မှန်ကန်ခြင်းကြောင့် သမုတိသစ္စာ လို့ ခေါ်ရပါတယ်။

အဲသည် သမုတိသစ္စာခေါ်တဲ့ ပညတ် နယ်မှာ ပုဂ္ဂိုလ် သတ္တဝါ လူ နတ် ဗြဟ္မာ အတ္တ ဇီ၀ စသည်ဖြင့် အခေါ်အေဝါ်ရှိပါတယ်။

ကျွဲ နွား ဆင် မြင်း ခွေး ကြောင် ကြက် ငှက် တီ မျှော့ စသည် ခေါျဝေါျပွောဆိုလေ့ ရှိကြပါတယ်။ ဦးခေါင်း ခြေ လက် စသည်ဖြင့် ကိုယ်အင်္ဂါအစိတ်အပိုင်းတွေနဲ့လည်း အခေါ်ရှိကြပါတယ်။

ထိုသို့ ပညတ်နယ်မှာ ခေါျဝေါျ ပြောဆိုသမျှတို့ဟာ သမုတိသစ္စံ မုသာဝါဒ ပဋိပက်ခံ ဆိုတဲ့ အတိုင်း၊ မုသာဝါဒ၏ ပဋိပက္ခဖြစ်လို့၊ လိမ်လည် လှည့်ဖြားရာ မရောက်ပါဘူး။

ဒေသအလိုက် ကာလအလိုက် အမည်တွေကို ပြောင်းလဲပြီးတော့လည်း ခေါ်နိုင်ကြပါသေးတယ်။ ဥပမာ - ကောက်ညှင်းကျည်တောက်၊ ခဲတံချောင်း၊ ပေါင်းတင်းကျည် စသည်ဖြင့် အမည်အမျိုးမျိုး ဒေသအလိုက် ခေါ်ဆိုကြပါတယ်။

ရှေးက မြေထဲမြို့ ကို အာလံမြို့၊ အောင်လံမြို့ လို့ ကာလအလိုက် အဆင့်ဆင့် ပြောင်းလဲခေါ်ဆိုနိုင်ပါတယ်။

ငယ်နာမည် ဘုတ်ဆုံ ကို ကောလိပ်ကျောင်းသူ ဖြစ်လာတော့ သဒ်ဓါဖွူလို့ စိတ်တိုင်းကျ ပြောင်းလဲ ခေါ်ဆိုနိုင်ပါတယ်။

သို့သော်လည်း ပုဂ္ဂိုလ် သတ္တဝါဆိုတာ ရုပ် နာမ် တို့၏ အစုအပေါင်းလို့ မသိ၊ တစ်ခါမွေးပြီး နောက်ဆုံးတစ်ကြိမ်သာ သေတာဘဲလို့ ထင်မှတ်နေကြပါတယ်။

တဘ၀အတွင်းမှာ အကြိမ်ကြိမ် အခါခါ သေနေတယ်၊ အခါခါ ဖြစ်ပြီး၊ အခါခါချုပ်ပျောက်နေတယ်လို့ မသိကြတဲ့အတွက် မှားယွင်းဖောက်ပြန်တဲ့ ၀ိပ်ပလ်လာသ တရားတွေ ဖြစ်တတ်ပါတယ်။

အဲသည်လို ၀ိပ်ပလ်လာသ တရားတွေဖြစ်တော့ ဒိဋ္ဌိ တဏွာ မာန ဆိုတဲ့ ပပဉ္စတရား တွေ ဖြစ်ပေါ်လာတတ်ပါတယ်။ ထိုတရားတွေ ဖြစ်ပေါ်လာယင် သံသရာသစ်ငုတ် အဖြစ်နဲ့ ဘယ်တော့မှ အမြစ်မပြုတ်တော့၊ ဘယ်တော့မှ အမြစ်မပြုတ်လျှင် ၀ိနိပါတဘေးကွီးမှ ဘယ်တော့မှ မလွတ်နိုင်ဘူးလို့ မှတ်ယူရမှာပါ။

ယခု ပညတ် အမျိုးမျိုး ကွဲပြားပုံကို ဆက်လက်ဖော်ပြချင်ပါတယ်။

ပညတ် ၆ မျိုး ရှိတယ်လို့ မှတ်ရပါမယ်။ အဲဒါတွေက ..

(၁) ၀ိဇ်ဇမာနပညတျ ဆိုတာ ထင်ရှားရှိတဲ့ ပရမတ္တသဘောတရားတို့ရဲ့အမည်များ ဖြစ်ပါတယ်။ ဥဒါဟရုဏ်အားဖြင့် စိတ် စေတသိက် ရုပ် နိဗ္ဗာန် တို့ဖြစ်ပါတယ်။

အာရုံကို ကြံတတ် သိတတ်တဲ့ သေဘာတရားသက္သက္ကို စိတ် လို့ ခေါ်ပါတယ်။ အမှန်စင်စစ်တော့ ထိုကြံတတ် သိတတ်တဲ့ သေဘာတရားကို ခေါျဝေါျပညတျလိုကျတဲ့ အမည်ပဲဖြစ်ပါတယ်။

စေတသိက်ဆိုတာကလည်း စိတ်နဲ့အတူတကွ မှီရာ တည်ရာ ဖြစ်တယ်။ အာရုံကိုလည်း အတူတကြ ယူတတ်တယ်။ စိတ်နဲ့တစ်ပြိုင်နက်ဖြစ်ပြီး၊ တပြိုင်နက်ပျက်တတ်တဲ့ ပရမတ္တသဘောတရားသက်သက်ကို ခေါျဝေါျ သမုတ်လိုက်တဲ့ အမည်ပဲဖြစ်ပါတယ်။

ရုပ် ဆိုတာလည်း အပူ အေအး စတဲ့ ဆန့်ကျင်ဘက် အကြောင်းတွေကြောင့်၊ ဖောက်ပြန်တတ်တဲ့ ပရမတ္တသဘောတရားသက်သက်ကို ခေါျဝေါျပညတျလိုကျတဲ့ အမည်ပဲဖြစ်ပါတယ်။

နိဗ္ဗာန် ဆိုတာကလည်း တဏှာအကြွင်းမဲ့ ချုပ်တဲ့သဘော လောဘမီးစတဲ့ ၁၁ ပါးသော မီးတို့ ငြိမ်းအေးခြင်း အသင်္ခတ ပရမတ် သေဘာတရားသက္သက္ကို ခေါျဝေါျပညတျလိုကျတဲ့ အမည်ပါပဲ။

(၂) အ၀ိဇ်ဇမာနပညတျ ဆိုတာကေတာ့ ထင်ရှားမရှိတဲ့ ပညတ်တွေရဲ့အမည်တွေဖြစ်ပါတယ်။

ဥဒါဟရုဏ်အားဖြင့် ပုဂ္ဂိုလ် သတ္တဝါ ငါ သူတပါး ယောကျ်ား မိန်းမ အတ္တ ဇီ၀ အသက် လိပ်ပြာစတဲ့ အမည်များ ဖြစ်ကြပါတယ်။ ထိုအမည်တို့ဟာ အခေါ်သာရှိပြီး ပရမတ္တအားဖြင့် တကယ်ရှိတဲ့ အမည်များ မဟုတ်ကြပါဘူး။

(၃) ၀ိဇ်ဇမာနနေ အ၀ိဇ်ဇမာနပညတျ ကေတာ့ ထင်ရှားရှိတဲ့ ပရမတ္တအမည် နဲ့ ထင်ရှားမရှိတဲ့ ပညတ္ကို ပေါင်းပြီး ခေါ်တဲ့ အမည်များ ဖြစ်ကြပါတယ်။

ဥဒါဟရုဏ်အားဖြင့် အဘိညာဉ်ရ + ပုဂ္ဂိုလ်, သကဒါဂါမ် + ပုဂ္ဂိုလ် စတဲ့ အမည်များ ဖြစ်ကြပါတယ်။

အဘိညာဉ် သောတာပန် သကဒါဂါမ်တို့ဟာ ပရမတ္တအားဖြင့် ထင်ရှားရှိတဲ့ အမည်များ ဖြစ်ကြပါတယ်။ ပုဂ္ဂိုလ် ဆိုတာက ထင်ရှားမရှိတဲ့ ပညတ်အမည်သက်သက် ဖြစ်ပါတယ်။

(၄) အ၀ိဇ်ဇမာနနေ ၀ိဇ်ဇမာနပညတျ ကေတာ့ ထင်ရှား မရှိတဲ့ ပညတ် နဲ့ ထင်ရှားရှိတဲ့ ပရမတ္တ အခေါ်အေဝါ်ကို ပေါင်းပြီး ခေါ်တဲ့ အမည်များ ဖြစ်ပါတယ်။

ဥဒါဟရုဏ်အားဖြင့် မိန်းမ + အသံ, ပန်း + အနံ့ စတဲ့ အမည်များ ဖြစ်ပါတယ်။

မိန်းမ ၊ ပန်း တို့ဟာ ထင်ရှားမရှိတဲ့ ပညတ် အမည်တွေ ဖြစ်ပြီး၊ အသံ နဲ့ အနံ့ ကေတာ့ ထင်ရှား ရှိတဲ့ ပရမတ်အမည်များ ဖြစ်ကြပါတယ်။

(၅) ၀ိဇ်ဇမာနနေ ၀ိဇ်ဇမာနပညတျ ဆိုတာကေတာ့ ထင်ရှားရှိတဲ့ ပရမတ္တ နဲ့ ထင်ရှားရှိတဲ့ ပရမတ္တ အခေါ်အေဝါ် တို့ကို ပေါင်းပြီးခေါ်ဆိုတဲ့ အမည်များ ဖြစ်ပါတယ်။

ဥဒါဟရုဏ် = စက္ခု + ၀ိညာဏျစိတျ၊ သောတ + ၀ိညာဏျစိတျ စတဲ့ အမည်များ ဖြစ်ပါတယ်။

စက္ခု နှင့် ၀ိညာဏျစိတျ ၊ သောတ နှင့် ၀ိညာဏျစိတျ တို့ဟာ ထင်ရှားရှိတဲ့ ပရမတ္တအမည် အချင်းချင်း ပူးပေါင်း ခေါျဝေါျတာပါ။

(၆) အ၀ိဇ်ဇမာနနေ အ၀ိဇ်ဇမာနပညတျ ကေတာ့ ထင်ရှားမရှိတဲ့ ပညတ်နှင့် ထင်ရှားမရှိတဲ့ ပညတ် အခေါ်အေဝါ်ကို ပေါင်းပြီးခေါ်တဲ့ အမည်များ ဖြစ်ပါတယ်။

ဥဒါဟရုဏ်အားဖြင့် မင်း + သား၊ နတ် + သမီး စတဲ့ အမည်များပါ။

မင်း ကလည်း ပညတ်၊ သား ကလည်း ပညတ် တွဲပြီး ခေါ်တဲ့ အမည်ဖြစ်ပါတယ်။ ထိုနည်းတူ နတ် ကလည်း ပညတ်၊ သမီး ကလည်း ပညတ် ပေါင်းပြီးခေါ်တဲ့ အမည်ပါ။

အထက်ပါ နံပါတ် (၂) အ၀ိဇ်ဇမာန မွ ခွဲထုတ်တဲ့ အခြားပညတ်တွေလည်း ရှိပါသေးတယ်။

အဲဒါတွေကတော့ (က) နာမပညတ်၊ (ခ) သဏ်ဏ္႑ာနပညတျ၊ (ဂ) သမူဟပညတ်၊ (ဃ) ဃနပညတ်၊ (င) ဒိသာပညတ်၊ (စ) ကာလပညတ်၊ (ဆ) အဒ်ဓါနပညတျ၊ (ဇ) သန္တတိပညတ်၊ (စ်) အတ္တဇီ၀ပညတ် တို့ပဲဖြစ်ပါတယ်။

နာမပညတ္ကေန အတ္တဇီ၀ပညတ်ထိကို အကျယ်မရှင်းတော့ပါဘူး။ အကျဉ်းအားဖြင့်တော့ ..

နာမပညတ် ဆိုတာ အမည်အမျိုးမျိုးပါ။ သဏ်ဏ္႑ာနပညတျ ဆိုတာ ပုံသဏ်ဏ္႑ာနျအမြိုးမြိုးကို စွဲပြီးခေါ်တာပါ။ သမူဟပညတ္ဆိုတာ ပေါင်းစုထားတဲ့ အခိုက်အတန့်အတွင်းမှာ ဖြစ်ပေါ်လာတဲ့အမည်များသာဖြစ်ပါတယ်။ ရထားကို တစ်စစီဖြုတ်လိုက်ယင် ရထားဆိုတာ ပြစရာမရှိတော့တဲ့ ရထားဥပမာဟာ ထင်ရှားလှပါတယ်။ ဃနပညတ္ဆိုတာကေတာ့ အစိုင်အခဲတစ်ခုတည်းအဖြစ်အခေါ်အေဝါ်များ ဥပမာ သကြား ထန်းလျက်ခဲ မြေဖြူခဲ စသည် .. ဖြစ်ပါတယ်။

ဒိသာပညတ္ကေတာ့ အရပ်လေးမျက်နှာ အရပ်ရှစ်မျက်နှာလို့ခေါ်တဲ့ အမည်များပါ။

ကာလပညတ္ကေတာ့ အချိန်အခါလိုက်ပြီး ခေါ်တာပါ။ သဒ်ဓါနပညတျကတော့ ခရီးအကှာအေ၀း အတိုင်းအတာကို အမညျအမြိုးမြိုးနှင့ျခေါျဝေါျခွငျးဖွဈပါတယျ။

သန္တိပညတ်ကတော့ ရုပ်သန္တတိ၊ နာမ်သန္တတိ လို့ ၂ မျိုး ရှိပါတယ်။ ရုပ်တွေဟာ အဖြစ် အပျက်မရှိ၊ နာမ်တွေဟာလဲ အဖြစ် အပျက်မရှိ၊ တဆက်တည်း တည်ရှိနေတယ်လို့ ထင်မှတ်ပြီး ငယ်ငယ်တုန်းက ရုပ်ဟာ ယခုရုပ်ပဲဖြစ်တယ်။ ငယ်ငယ်တုန်းက အသိစိတ်ဟာလည်း ယခုအသိစိတ်ပဲလို့ အထင်အမှတ် လွဲမှားခြင်း ဖြစ်ပါတယ်။

ငယ်စဉ်အခါနှင့် ယခုအချိန်စပ်ကြားမှာ ခဏမစဲ တရိပ်ရိပ် ပြောင်းလဲ ချုပ်ပျောက်နေတဲ့ ရုပ် နာမ်တို့ရဲ့ သဘာ၀ကို မသိကြတာပါ။

ကြှနျုပျတို့၏ ရုပ်သစ် နာမ်သစ်တွေဟာ ခဏမစဲ ပြောင်းလဲ ချုပ်ပျောက်လျက် ရှိနေကြပါတယ်။ သည်လို ပြောင်းလဲနေတာကို မသိကြဘဲ၊ အမြဲတည်နေတယ်လို့ ထင်မြင် ပြောဆိုကြခြင်းကို သန္တတိပညတ် လို့ခေါ်တာပါ။

အတ္တဇီ၀ပညတ်ဆိုတာကတော့ အသက်ဘဲ, လိပ်ပြာဘဲ, ငါဘဲ, သူဘဲ, ယောကျ်ားဘဲ, မိန်းမဘဲ စသည်ဖြင့် သညာ၀ိပ်ပလ်လာသ စိတ်တ၀ိပ်ပလ်လာသ ဒိဋ်ဌိ၀ိပ်ပလ်လာသ တို့ဖြင့် မှားယွင်းဖောက်ပြန် အမှန်မသိတဲ့အတွက် အတ္တ ဇီ၀ ပုဂ္ဂလ သတ္တ တကယ်ရှိတယ်လို့ ထင်မှတ် ယူဆ ခေါျဝေါျနကွေခွငျး ဖြစ်ပါတယ်။

အမှန်စင်စစ်ကတော့ ပုဂ္ဂိုလ် သတ္တဝါ အသက် လိပ်ပြာမရှိ။ ရုပ္တရား နာမ်တရားသာလျှင် ရှိပါတယ်။ သန္တတိပညတ် မွာ ပြောခဲ့တဲ့အတိုင်း ခဏမစဲ တသဲသဲ အဟောင်း အသစ် ပြောင်းလဲ ချုပ်ပျောက်လျက် ရှိနေပါတယ်။

သမုတိနယ်မှာ အသက် ၆၀ ရှိပြီ၊ ၇၀ ရှိပြီ၊ ၈၀ ရှိပြီ စသည်ပြောဆိုကြသော်လည်း ပရမတ္တနယ်၌မူ စက္ကန့်ပိုင်း ခန့်မျှ မရှိအောင် အလွန်တိုတောင်းလှပါတယ်။

စိတ္တက္ခဏ တခ်က္ဆိုတဲ့ (ဖြစ် တည် ပျက်) အလွန် တိုတောင်းလှတဲ့ အချိန်ကာလ ကလေးတွေကို စုပေါင်း ဆက်စပ်ပြီးတော့ အသက် ၅၀, ၆၀, ၇၀, ၈၀ စသည် ရှည်တယ်လို့ ပညတ်သဘောဖြင့် ခေါျဝေါျကွခွငျး ဖြစ်ပါတယ်။

ပရမတ္တအားဖြင့် ၃၁ ဘုံလုံးမှာ ဘယ်သတ္တဝါမျှ စိတ္တက္ခဏ ၂ ချက် ပြည့်အောင် အသက်မရှည်နိုင်ကြပါဘူး။

ဒီလောက်ဆိုယင် ပညတ်ရဲ့သဘောကို ချုံငုံမိလောက်ပါပြီ။

ဒါဆို ပရမတ် ဆိုတာ ဘာလဲ ? ပရမတ် ၄ မျိုး ရှိကြောင်း သာမာန်အားဖြင့် လူတိုင်းလိုလို ကြားဖူးကြပါလိမ့်မယ်။ အဲသည် ၄ မျိုးကတော့ ..

(၁) စိတ် = အာရုံကို ကြံတတ် သိတတ်တဲ့သဘော။

(၂) စေတသိက် = စိတ်နှင့်အတူတကွ ယှဉ်ဖော် ယှဉ်ဖက် ၊ ဖြစ်လျှင် အတူတူဖြစ်၊ ပျက်လျှင်လည်း အတူတူပျက်တဲ့သဘောဖြစ်ပါတယ်။

(၃) ရုပ် = အာရုံကို ကြံတတ် သိတတ်တဲ့ သဘောမျိုးမရှိ။ အပူ အအေးကြောင့် အခြေအနေ ဖောက်ပြန် ပြောင်းလဲမှုရှိတတ်တဲ့ သဘောမျိုးဖြစ်ပါတယ်။

(၄) နိဗ္ဗာန် = ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းခြင်းသဘော ဖြစ်ပါတယ်။

ထိုနိဗ္ဗာန်မှာ ဘုံနန်း ပြသာဒ်တွေမရှိ။ စိတ် စေတသိက် ရုပ်တွေ မရှိ။ တနည်းဆိုလျှင် ခန္ဓာ ၅ ပါး မရှိခြင်းကြောင့်၊ ေ၀ဒယိတသုခ ဆိုတဲ့ ခံစားမှုမရှိ။ သန္တတိသုခ ဆိုတဲ့ ငြိမ်းချမ်းမှုသာ ရှိပါတယ်။ ထိုငြိမ်းချမ်းမှုကို ခံစားတတ်တဲ့ ပုဂ္ဂိုလ်သတ္တဝါမရှိပါဘူး။ (အလုပ်စခန်းသို့ ရောက်တဲ့အခါ၊ ထိုသဘောတွေ တဖြည်းဖြည်း ရှင်းလင်း လာပါ လိမ့်မယ်။)

ပညတ် နှင့် ပရမတ် ခွဲနည်းကိုတော့ ရှင်းလင်းပါပြီ။ ယခု ပရမတ္ကို နှစ်မျိုးထပ်ပြီး ခွဲပုံကိုလည်း ပြောချင်ပါတယ်။

(၁) သင်္ခတ ပရမတ်၊ (၂) အသင်္ခတ ပရမတ် လို့ နှစ်မျိုးကွဲပါတယ်။

သင်္ခတ ပရမတ် ဆိုတာ ကံ စိတ် ဥတု အာဟာရ ဆိုတဲ့ အကြောင်းတရား ၄ ပါးတို့၏ ပြုပြင် စီမံမှု မလွတ်ကင်းသေးသော ရုပ္တရား နာမ်တရားတို့ကို ဆိုလိုပါတယ်။ တနည်းအားဖြင့် ဆိုသော် ခန္ဓာ ၅ ပါး ဖြစ်ပါတယ်။

ထို သင်္ခတနယ် အတွင်းမှာ အနိစ္စ ဒုက္ခ အနတ္တသာ ရှိပါတယ်။ နိစ္စ သုခ အတ္တ မရှိပါ။ ပုဂ္ဂိုလ် သတ္တဝါ မရှိပါ။ ဒါကြောင့် ရုပ် နာမ် ဆိုတဲ့ လောက ကို သုညတ သို့မဟုတ် သုည ဖြစ်ကြောင်း .. မြတ်ဗုဒ္ဓက ရှင်အာနန္ဒာအား

ချစ်သားအာနန္ဒာ။ ရုပ် နာမ် ၂ ပါး ဆိုတဲ့ လောကကြီးမှာ အတ္တ ဆိုတဲ့ ပုဂ္ဂိုလ် သတ္တဝါ ငါ သူတပါး ယောက်ျား မိန်းမ အသက် လိပ်ပြာ မရှိပါဘူး။ အတ္တ မရှိတဲ့အတွက် အတ္တနိယ ဆိုတဲ့ ငါပိုင်သောပစ္စည်းမဟုတ်၊ ငါ့ဟာလဲမဟုတ်၊ သူတပါးပိုင်တဲ့ ပစ္စည်းလဲမဟုတ်၊ သူတပါးဟာလဲမဟုတ်။

ဒါကြောင့် ရုပ် နာမ် ဆိုတဲ့ လောကကြီးကို သုညတ (ဝါ) သုည လို့ ငါဘုရားဟောတော်မူခဲ့တယ် ချစ်သားအာနန္ဒာ လို့ ဆိုပါတယ်။

အသင်္ခတ ပရမတ် ဆိုတာကေတာ့ ကံ စိတ် ဥတု အာဟာရ အကြောင်းတရား ၄ ပါးတို့၏ ပြုပြင် စီရင်မှု ကင်းလွတ်ပြီး၊ ရုပ္တရား နာမ္တရား (ဝါ) ခန္ဓာ ၅ ပါး အကြွင်းမဲ့ ချုပ်ငြိမ်း ရုပ်သိမ်းသွားတဲ့သဘော ဖြစ်ပါတယ်။

ထို ခန္ဓာ ၅ ပါး ချုပ်ငြိမ်း ရုပ်သိမ်း သွားတဲ့အတွက်၊ ဖြစ်မှု ပျက်မှု မရှိ။ ခံစားမှု ေ၀ဒယိတသုခ မျိုးလဲ မရှိ၊ အေးချမ်းမှု သန္တိသုခ သာရှိပါတယ်။ ထိုအေးချမ်းမှု သန္တိသုခအမြဲရှိသောကြောင့် နိစ္စ လို့ ဆိုရပါတယ်။

ထိုအေးချမ်းမှု သန္တိသုခ ရှိသော်လည်း၊ ခံစားတတ်တဲ့ ပရိနိဗ္ဗူတ ပုဂ္ဂိုလ်ဟူ၍ မရှိ။ အနတ္တသာ ဖြစ်ပါတယ်။ ဒါကြောင့် နိဗ္ဗာန်ကို သုညတ လို့ ဆိုရပါတယ်။ တနည်းအားဖြင့် အသင်္ခတနယ်မှာ သုည တလုံး ပေါ်လာသည်ဟု ဆိုနိုင်ပါတယ်။

ဤကဲ့သို့ သင်္ခတပရမတ်နယ်မှာ သုည တလုံး၊ အသင်္ခတ ပရမတ်နယ်မှာ သုည တလုံး၊ ပေါင်း သုည ၂ လုံး ပေါ်လာအောင်၊ အသိဉာဏ်ရောက်လျှင်၊ ၀ိပူနာကိစ်စပေါကျမွောကျပွီလို့ ဆိုနိုင်ပါတယ်။

ပညတ် နှင့် ပရမတ် မကွဲလျှင် ၀ိပူနာရှုလို့ မဖြစ်နိုင်ပါ။ ၀ိပူနာဉာဏျမွငျပေါကျအောငျ မရှုနိုင်သမျှ ကာလပတ်လုံးလည်းဘဲ၊ သံသရာ၀ဋ်မှ မလွတ်မြောက်နိုင်ကြောင်း ..

ကိလေသာကို အကြွင်းမဲ့ သမုစေၧဒပဟာနျဖွင့ျ မပယ်သတ်နိုင်ပဲနှင့် သံသရာမွ ကျွတ်လွတ်မှု မဖြစ်နိုင်။

သောတာပန်တို့အတွက် ဒိဋ္ဌိ ၀ိစိကိစၧာကို အကြွင်းမဲ့ မပယ်သတ်ပဲနှင့် အောက်သံသရာ၀ဋ်ဒုက္ခမှ ဘယ်တော့မှ ကျွတ်လွတ်ရိုး ထုံးစံမရှိ။

သကဒါဂါမ်တို့အတွက် သောတာပန်နှင့် မထူးခြားပါ။

အနာဂါမ်တို့အတွက် ကာမတဏွာကို အကြွင်းမဲ့ မပယ်သတ်ပဲနှင့် အလယ်သံသရာ၀ဋ်ဒုက္ခမှ ဘယ်တော့မျှ ကျွတ်ရိုး လွတ်ရိုး ထုံးစံမရှိ။

ရဟန္တာတို့အတွက် ရူပတဏွာ အရူပတဏွာ တို့ကို အကြွင်းမဲ့ မပယ်သတ်နိုင်ဘဲနှင့် အထက်သံသရာ၀ဋ်ဒုက္ခမှ ဘယ်တော့မျှ ကျွတ် လွတ်ရိုး ထုံးစံမရှိ လို့ ဥဒါန်းအဋ္ဌကထာကြီးမှာ ပြဆိုထားပါတယ်။


စေတသိတ်(၅၂)ပါး


စေတသိတ်(၅၂)ပါး


အညသမာန်းစေတသိက်(၁၃)ပါး
စိတ်ကောင်းစိတ်ဆိုး ၂ မျိုးနှင့်ရောသော စေတသိက်များ
သဗ္ဗစိတ္တသာဓာရဏ စေတသိက်(၇ပါး)
အလုံးစုံသောစိတ်တို့နှင့်ယှဉ်သောကြောင်း သဗ္ဗစိတ္တသာဓာရဏစေတသိတ်မည်၏
*********************************************-*-*

၁။ ဖဿ =ထိတွေ့မှု
၂။ ေ၀ဒနာ- ခံစားမှု
၃။ သညာ- မှတ်သားမှု
၄။ စေတနာ- တွန်းအားပေးမှု
၅။ ဧကဂ္ဂတာ}သမာဓိ} တည်တ့ံခိုင်မြဲမှု
၆။ ဇီ၀ိတိနြေ္ဒ- နာမ်သက်

၇။ မနသိကာရ-အာရုံစိုက်}စူးစိုက်မှု

ပကိဏ်းစေတသိက်(၆)ပါး
ပြိုးပြိုးပြွမ်းယှဉ်သောကြောင်း ပကိဏ်စေတသိက်မည်၏
************************************************
၈။ ၀ိတက္က-အတူဖြစ်ဖက်တရားတို့ကို အာရုံသို့တင်ပေးမှု}ကြံစည်မှု
၉။ ၀ိစာရ- အာရုံကို ထပ်ခါထပ်ခါ အာရုံပြု}သုံးသပ်မှု
၁၀။ အဓိမောက္ခ- ဆုံးဖြတ်မှု
၁၁။ ၀ီရိယ- ကြိုးစား}အားတက်သရောရှိမှု
၁၂။ ပီတိ- နှစ်သက်}အားရကျေနပ်မှု
၁၃။ ဆန္ဒ- တောင့်တမှု

အကုသိုလ်စေတသိက်(၁၄)ပါး

စိတ်ကိုမကောင်းအောင်ခြယ်လှယ်သော စေတသိက်များ
*************************************************
၁။ မောဟ-မသိမှု                                  
၂။ အဟိရိက -ကာယဒုစရိတ်စသည်မှ မရှက်ခြင်း
၃။ အနောတ္တပ္ပ-ကာယဒုစရိတ်စသည်မှ မကြောက်ခြင်း
 ၄။ ဥဒ္ဓစ္စ- စိတ်ပျံ့လွင့်ခြင်း
၅။ လောဘ-လိုချင်မှု                      
 ၆။ ဒိဋ္ဌိ-ယူဆမွား
၇။ မာန- ထောင်လွှားမှု          
   ၈။ ဒေါသ- ခက်ထန်မှု
၉။ က္ကုဿ ာ-သူတစ်ပါးစည်းစိမ်ကိုငြူ စူခြင်း                
၁၀။ မစ ၦရိယ- မိမိစည်းစိမ်ကို လျိုဝှက်ခြင်း(ကပ်စေးနဲ့ခြင်း)
၁၁။ ကုက္ကုစ္စ- ပြုအပ်ပြီးသောဒုစရိတ် မပြုလုပ်မိသောသုစရိတ်များကို
                    နောင်တပူပန်ခြင်း          
၁၂။ ထိန-စိတ်ထိူင်းမှိုင်းမှု
၁၃။ မိဒ္ဓ- စေတသိက်ထိုင်းမှိုင်းမှု
  ၁၄။ ၀ိစိကိစ ၦာ-အာရုံကိုမဆုံးဖြတ်နိုင်ခြင်း

သောဘဏစေတသိက်(၂၄)ပါး
သောဘဏသာဓာရဏစေတသိက်(၁၉)ပါး
စိတ်ကိုကောင်းအောင်ခြယ်လှယ်သော စေတသိက်များ
************************************************
၁။ သဒ္ဓါ-ဘုရား/တရား/သံဃာ/ကံကံ၏အကြောင်းအကျိုးတရားများကို
              ယုံကြည်မှု
 ၂။ သတိ-ကောင်းသောအာရုံမှာ အမှတ်ရမှု
၃။ ဟိရီ- မကောင်းမှုလုပ်မှာကိုရှက်ခြင်း
၄။ သြတ္တပ္ပ-မကောင်းမှုလုပ်မှာကိုကြောက်ခြင်း
၅။ အေလာဘ-တရားသဖြင့်မလိုခင်မှု
 ၆။ အေဒါသ-ကြမ်းတမ်းသောအားဖြင့်မပြစ်မှားခြင်း(မေတ္တာ)
၇။ တတြမဇ္ဈတ္တတာ-တည့်မတ်ခြင်း
၈။ ကာယပဿ ဒ္ဓိ-စေတသိက်တို့၏ငြိမ်းအေးမှု
၉။ စိတ္တ ပဿ ဒ္ဓိ- စိတ်ငြိမ်းအေးမှု
၁၀။ ကာယလဟုတာ- စေတသိက်ပေါ့ပါးမှု
၁၁။ စိတ္တလဟုတာ- စိတ်ပေါ့ပါးမှု
၁၂။ ကာယမုဒုတာ- စေတသိက်နူးည့ံမှု
၁၃။ စိတ္တမုဒုတာ- စိတ်နူးည့ံမှု
၁၄။ကာယကမ္မညတာ- စေတသိက်တို့ ကောင်းမှုမှာ စိုးမိုးမှု
၁၅။ စိတ္တကမ္မညတာ- စိတ်တို့ ကောင်းမှုမှာ စိုးမိုးမှု
၁၆။ ကာယပါဂုညတာ- စေတသိက်တို့ ကောင်းမှုမှာ ကျွမ်းကျင်မှု
၁၇။ စိတ္တပါဂုညတာ-စိတ်တို့ ကောင်းမှုမှာ ကျွမ်းကျင်မှု
၁၈။ ကာယုဇုကတာ- စေတသိက်တို့ ရိုးသားဖြောင့်မတ်မှု
၁၉။ စိတ္တုဇုကတာ- စိတ်တို့ ရိုးသားဖြောင့်မတ်မှု

ဝိရတီစေတသိက်(၃)ပါး
********************
၂၀။ သမ္မာဝါစာ- မုသာဝါဒ/ပိသုဏဝါစာ/သမ္ဖပ္ပလာပ ါစာ ပါးစပ်ဆိုင်ရာ(၄)မျိုး မရှောင်ကြဉ်မှု
၂၁။ သမ္မာကမ္မန ္တ- ပါဏာတိပါဒ/အဒိန္နဒါန/ကာမေသုမိစၧာစာရတည်းဟူသောခန္ဓာကိုယ်ဆိုင်ရာအကျင့်ဆိုး ၃ ပါးကိုရှောင်မှု
၂၂။ သမ္မာအာဇီ၀- နုတ် ကိုယ်ဆိုင်ရာအကျင့်ဆိုး ၇ ပါးကို ရှောင်မှု

အပ္ပမညာစေတသိက်(၂)ပါး
************************
အတိုင်းမသိသောသတ္တဝါပညတ်ကိုအာရုံပြုသောစေတသိက်
၂၃။ ကရုဏာ- သနားမှု
၂၄။ မုဒိတာ- ၀မ်းမြောက်မှု

ပညိနြေ္ဒစေတသိတ်(၁)ပါး
**********************
၂၅။ ပညာ}အေမာဟ}အနိစ္စအစရှိသည်ဖြင့် ထိုးထွင်း၍သိခြင်း


ကောသလအိပ်မက် ၁၆-ချက်


ကောသလအိပ်မက် ၁၆-ချက်

(၁) အေမး။ ။ နွားနက်လေးခု ေ၀့ှမှုဟနျပွငျ၊ မေ၀့ှကွဘဲ ရှောင်လွှဲသည်မြင်။
အဖြေ။ ။ အရှေ့အနောက် တောင်မြောက်မိုးဆင်၊ ခြိမ်းသံပေး မိုးေ၀းလှင့ျပြောကျစငျ။

(၂) အေမး။ ။ မြေကမကြွ ငယ်လှသစ်ပင်၊ ဖူးငုံရင့်ပြီး ပွင့်သီးတွေမြင်။
အဖြေ။ ။ အရွယ်မမျှ လုံမပျိုခင်၊ သမီးသား လင်ထား အိမ်ထောင်ဆင်။

(၃) အေမး။ ။ ယနေ့ဖွားစ နွားမနို့သာ၊ မိခင်နွားကြီး စို့ပြီးနေရှာ။
အဖြေ။ ။ သမီးနှင့်သား စီးပွားဆိုင်ရာ၊ မိနှင့်ဖ ကြွေးမှ စားရမွာ။

(၄) အေမး။ ။ နွားကြီးမကြိုက် ၀နျတိုကျနှားငယျ၊ မရုန်းနိုင်ဘဲ ၀တျလဲနတေယျ။
အဖြေ။ ။ ကြီးသူဖယ်ရှား မျှောက်စားသူငယ်၊ တိုင်းပြည်ရေး ရှုပ်ထွေးပွေတော့တယ်။

(၅) အေမး။ ။ ခံတွင်းနှစ်ခွ၊ မြင်းလှရာဇာ၊ ကြေှးကြေှးသမြှ မ၀နိုင်ပါ။
အဖြေ။ ။ မူးမတ်မင်းစိုး၊ လာဘ္ထိုးသူရွာ၊ နှစ်ဘက်စား တရားစီရင်မှာ။

(၆) အေမး။ ။ ခွေးအိုထံဆက်၊ ရွှေခွက် သိန်းတန်၊ ကျင်ငယ်အမြဲ၊ ခွက်ထဲစွန့်ပြန်။
အဖြေ။ ။ မျိုးမြတ်သမီး၊ ပစ္စည်းမက်ဟန်၊ အမျိုးယုတ်၊ လင်လုပ်ပေါင်းဆက်ဆံ။

(၇) အေမး။ ။ ရှေ့ကကျစ်ချ၊ လွန်းစကြိုးကို၊ ခွေးမခိုးစား၊ ကိုက်ဝါးကာမျို။
အဖြေ။ ။ လင်ကြီးပစ္စည်းသိမ်းဆည်းမသို၊ လင်မျှောင်အား မယားလောကွတ်ပို။

(၈)အေမး။ ။ အိုးငယ်ချည်းနှီး၊ အိုးကြီးရေလျှံ၊ အိုးကြီးကိုပဲ၊ ရေဆွဲလောင်းပြန်။
အဖြေ။ ။ ဆင်းရဲသူများ၊ ၀တျစားမကနြျ၊ အခွန်တွက်၊ နှိပ်စက်ငွေတောင်းခံ။

(၉)အေမး။ ။ ကြာမျိုးငါးပါး၊ ပွင့်ကြရေကန်၊ ရေလယ်နောက်လျှက်၊ ကမ်းဘက်ကြည်ပြန်။
အဖြေ။ ။ မြို့တွင်းပွေရှုပ်၊ ခွန်တုတ်ကောက်ခံ၊ မြို့ပြင်ထွက်၊ပြည့်နှက်စည်ကားရန်။

(၁၀) အေမး။ ။ တအိုးတည်းချက်၊ အကျက်မညီ၊ ထမင်းမာဆပ်၊ ပျော့နပ်သုံးလီ။
အဖြေ။ ။ မင်းနှင့်လူများ၊ တရားမညီ၊ မိုးသုံးစား၊ ကွက်ကြားရွာချမည်။

(၁၁) အေမး။ ။ မွှေးထုံနံ့ကြူး၊ စန္ဒကူးသိန်းတန်၊ ပုန်းရည်နှင့်လဲ၊ သုံးစွဲစားပြန်။
အဖြေ။ ။ အလဇ္ဇီများ၊ တရားဖိုးတန်၊ ငွေနှင့်လဲ၊ အမြဲဟောမည်မှန်။

(၁၂) အေမး။ ။ သံကြေးသံပေါင်း၊ ဘူးတောင်းဘူးအုံ၊ ရေတွင်စုပ်စုပ်၊ နစ်မြုပ်လုံးစုံ။
အဖြေ။ ။ ပညာရွိမ်ား၊ စကားဥဿုံ၊ ပြောသမျှ၊ လောက မသုံးကုန်။

(၁၃) အေမး။ ။ အိမ်လုံးတောင်လုံး၊ ကျောက်တုံးကျောက်ဖြာ၊ ရေမှာဖွားဖွားထင်ရှားပေါ်လာ၊
အဖြေ။ ။ ရဟန်းရှင်ဆိုး၊ လူဆိုးမ်ားသာ၊ ဂုဏ်ရောင်တိုး၊ တန်ခိုးပေါ်ထွက်မှာ။

(၁၄) အေမး။ ။ အဆိပ်ပြင်းတောက်၊ မြွေဟောက်ကြီးကို၊ ဖားငယ္မမ်ား၊ ကိုက်ဝါးကာမျို။
အဖြေ။ ။ ကညာယူထား၊ သက်ကြားဖိုးအို၊ မယားဆဲ၊ အမြဲအော်ငေါက်ဆို။

(၁၅) အေမး။ ။ အဆင်းမည်းနက်၊ ကြီးငှက်ထံမှာ၊ ရွှေဟင်္သာများ၊ ခစားနေရှာ။
အဖြေ။ ။ ပညာသီလ၊ ပြည့်၀သူဟာ၊ သူယုတ်အား၊ ၀ပျတှားနရေရှာ။

(၁၆) အေမး။ ။ ဆိတ်ကိုမြင်ငြား၊ ကြောက်အားပြင်းထန်၊ ခြငေ်္သ့သစ်ကျား၊ ခုန်လွှားပြေးပြန်။
အဖြေ။ ။ သူယုတ်မာများ၊ ထောင်လွှားနိုင်ငံ၊ သူတော်ကောင်း၊ ပုန်းအောင်းတောမြိုင်ယံ။


 *(၁) အရပ်လေးမျက်နှာမှ လေးခုသော နွားလား ဥသဘတို့သည် လာလတ်၍ မင်းရင်ပြင်၌
ဝှေ့မည်ဟု တွန်မြည် ကြုံးဝါးလျက် မဝှေ့ပဲသာလျှင် ဖဲလေကုန်သည်ဟု မြင်မက်ပါသည်။*
နောင်အခါ တရားမစောင့်သော မင်းတို့ လက်ထက်၌ အရပ်လေးမျက်နှာမှ မိုးတို့သည်
ရွာအံသကဲ့သို့ ထစ်ကြိုးလျက် မရွာပဲသာလျှင် ပျောက်ပျက် ကုန်လတ္တံ့။ ထိုအခါ
ကောက်ပဲသီးနှံတို့ ပ်က္ဆီး၍ လူတို့၌ အစာရေစာ ရွားပါး ငတ်မွတ်ခြင်း ဖြစ်လတ္တံ့။


*(၂) နုနယ်သေးငယ်စွာသော အပင်တို့သည် ပွင့်ကြ သီးကြသည်ကို မြင်မက်ပါသည်။*
နောင်အခါ ဆုတ်ယုတ်သောကာလ လူတို့ အသက်တန်း တိုသော ကာလ၌ ယောင်္ကျား မိန်းမတို့သည်
ထက်သန် ပြင်းသော ရာဂ ရှိကုန်သည် ဖြစ်၍ ငယ်ရွယ်စဉ် အခါ၌ပင် အိမ်ထောင်ပြုခြင်း၊
သားမွေးခြင်း တို့ကို ပြုကုန်လတ္တံ့။


*(၃) နွားမကြီးတို့သည် မိမိတို့ မွေးစဖြစ်သော နွားမငယ်တို့၏ နို့ကို စို့သည်ဟု
မြင်မက်ပါသည်။*
နောင်အခါ ကြီးသောသူတို့အား အရိုအသေပြုခြင်း ပျောက်ကွယ်သော ကာလ၌ အမိအဖ၊ ယောက္ခမ
စသူတို့သည် ကိုးကွယ်ရာ မရှိကုန်သည် ဖြစ်သဖြင့် မိမိတို့၏ သားသမီး သားမက် ခြေှးမ
စသူတို့ထံ၌ ကပ်ရပ်၍ ငြိုငြင် ညှိုးငယ်စွာ အသက်မွေးရကုန်လတ္တံ့။


*(၄) လှည်းတို့၌ ဝန္ကို ဆောင်နိုင်သော နွားကြီးတို့ကို မကမူ၍ နွားငယ်တို့ကိုသာ
ကစေကုန်၏။ နွားငယ်တို့လည်း ဝန္ကို မနိုင်၍ လှည်းတို့ကိုလည်း ဆွဲခြင်းငှာ
မတတ်နိုင်သည်ကို မြင်မက်ပါသည်။*
နောင် တရားမစောင့်သော မင်းတို့ လက်ထက်၌ အသက်ကြီး ဝါကြီး ပညာရှိကုန်သော
သူတို့အား အမတ်၊ တရားသူကြီး စေသာ ရာထူးစည်းစိမ်တို့၌ မခန့်ထားမူ၍ အသက်၊ ဝါ၊ ပညာ
ငယ်ကုန်သော လူငယ်တို့အားသာ ခန့်ထားကြလတ္တံ့။ ထိုအခါ အခွင့်အရေးမသိ၊ မတော်
မမှန်ဖြစ်၍ အမှု မပြီး၊ အကျိုးမပြီး ရှိသောအခါ လူငယ်တို့သည် မိမိတို့၏ ရာထူး
စည်းစိမ်ကို စွန့်ကြလတ္တံ့။ လူကြီးတို့သည်လည်း ငါတို့မှာ ပြင်ပကသာ ဖြစ်၏ဟု
လျစ်လျှုပြု၍ နေကြလကုန်လတ္တံ့။ သို့ဖြစ်၍ တရားမစောင့် အမှုမပြီးကြသည်နှင့်
မင်းနှင့်တကွ တိုင်းပြည်ပါ ဆုတ်ယုတ် ပျက်ဆီးကြလတ္တံ့။


 *(၅) ခံတွင်း နှစ်ခုရှိသော မြင်းသည် ကြေှးလာသော မုယောစပါး စသည်တို့ကို
ခံတွင်းနှစ်ခုဖြင့်ပင် စားသည်ဟု မြင်မက်ပါသည်။*
နောင် တရားမစောင့်သော မင်းတို့လက်ထက်၌ တရားမစောင့်သော တရားသူကြီးတို့သည်
နှစ်ဖက်သော အမှုသည်တို့မှ ပေးသော တံစိုးလက်ဆောင်တို့ကို စား၍ အမှုတို့ကို
မမှန်မကန် ဆုံးဖြတ်ကြကုန်လတ္တံ့။


*(၆) အဖိုးတသိန်း ထိုက်သော ရွှေခွက်ကို မြေခွေးဖိုအား ကျင်ငယ်စွန့်ရန် ပေး၏။
မြေခွေးလည်း ထိုရွှေခွက်၌ ကျင်ငယ်စွန့်သည်ဟု မြင်မက်ပါသည်။*
နောင် တရားမစောင့်သော မင်းတို့ လက်ထက်၌ အမျိုးမြတ်သော သူတို့သည် အချီးအမြှောက်
မခံရ၊ ဆင်းရဲကြ၍ အမျိုးယုတ်သော သူတို့ အစိုးတရ ကြွယ်ဝ ချမ်းသာကြလတ္တံ့။ ထိုအခါ
အမျိုးမြတ်တို့ အသက် မွေးခြင်းငှာ မတတ်နိုင်ကုန်သည် ဖြစ်၍ မိမိတို့ သမီးတို့ကို
အမျိုးယုတ်တို့အား ပေး၍ အသက်မွေး ကြကုန်လတ္တံ့။


*(၇) တယောက်သော ယောင်္ကျားသည် အင်းပျဉ်၌ ထိုင်လျက် လြန္ကို ကျစ်၍ ခြေရင်း၌ ထား၏။
ထို အင်းပျဉ်အောက်၌ရှိသော ဆာလောင်သော မြေခွေးမသည် ထိုယောင်္ကျား မသိစဉ်လျှင်
ထိုလြန္ကို စား၏ ဟု မြင်မက်ပါသည်။*
နောင်အခါ မိန်းမတို့သည် အစားအသောက်၊ အဝတ်၊ အနေအထို်င် စသည်တို့၌ လော်လည်ခြင်း
ရှိ၍ မိမိတို့ လင်ယောင်္ကျားသည် ဆင်းရဲငြိုငြင်စွာ ရှာဖွေ စုဆောင်းအပ်သော ဥစ္စာ
ပစ္စည်းတို့ကို အဝတ်အစား၊ အစားအသောက် တို့၌ လည်းကောင်း၊ သောက်စား ကစားခြင်းတို့၌
လည်းကောင်း၊ အပျော်အပါးတို့၌ လည်းကောင်း၊ သဘောက် လင်ငယ်ထားခြင်း တို့၌
လည်းကောင်း အရမ်းမဲ့လျှင် ဖြုန်းတီးလေလတ္တံ့။ ခွေးမသည် မသိ စဉ်းစား သကဲ့သို့
အိမ္သူ မိန်းမတို့သည် ဤသို့ တိတ်တဆိတ် ဖြုန်းတီး ခိုးစားကြလတ္တံ့။


*(၈) ရေမရှိသော အိုးတို့ဖြင့် ခြံရံအပ်သော ရေပြည့်အိုးကြီး တလုံးကို မြင်ရ၏။
လူတို့သည် အရပ် ၈ မျက်နှာမှ ရေကို ယူလာကြ၍ ထိုရေပြည့်အိုးကြီး
အတွင်းသို့သာလျှင် လောင်းထည့် ကြ၏။ လောင်းထည့်သော ရေတို့သည် ပြည့်လျှံ၍
ကျကုန်၏။ ဤသို့လျှင် အဖန် တလဲလဲ ရေပြည့်အိုးသို့သာ လောင်းလျှက် ရေမရှိသော
အျခံအရံ အိုးတို့ အတွင်းသို့ကား မည်သူမျှ မလောင်း မထည့်ပဲ နေသည်ကို
မြင်မက်ပါသည်။*
နောင်အခါ မကောင်းသော မင်းတို့ လက်ထက်၌ မင်းနှင့်တကွ လူတို့ တရားပျက်ကွက်၊
သြဇာညံ့ဖျင်း၊ ဆင်းရဲခြင်းသို့ ရောက်ကြကုန်လတ္တံ့။ ထိုအခါ မင်းအစိုးရတို့သည်
ဆင်းရဲသားတို့အား မင်း၏ အကျိုးစီးပွား အတြက္ကိုသာ လုပ်ကိုင်စေအံ။ ဆောင်ရွက်
စေအံ။ ထမ်းရွက်စေအံ။ သို့ဖြစ်ရကား မင်းတို့၌သာ ပြည့်စုံ အကျိုးခံစားကြရ၍
ဆင်းရဲသားတို့မှာ ရေမရှိသော အိုးတို့ပမာ တစုံတရာ မရှိ ငတ်မွတ်
ခေါင်းပါးခြင်းသို့ ရောက်ကုန်လတ္တံ့။


 *(၉) နက်ရှိုင်း ကျယ်ဝန်းသော ရေကန်ကြီး တခုတွင် သတ္တဝါတို့ ဆင်း၍ ရေသောက်ကြ၏။
ကန်၏ အလယ် ရေနက်ရာ၌ ရေသည် နောက်၍ ကန်နားဝန်းကျင် ရေတိမ်ရာ သတ္တဝါတို့ နင်းရာ၌
ရေသည် ကြည်လင်၏ဟု မြင်မက်ပါသည်။*
နောင်အခါ တရားမစောင့်သော မင်းတို့သည် မတရား အုပ်စိုးခြင်း၊ တံစိုးစားခြင်း၊
လော်လည်ခြင်း၊ သနားညှာတာ ဂရုဏာ မဲ့ခြင်း၊ ကြမ်းကြုတ် ရက်စက်ခြင်းတို့ ရှိလျှက်
လူတို့အပေါ်၌ အထူးထူး အပြားပြားသော အချင်းအရာဖြင့် အခွန်အတုတ်တို့ကို ခွဲခန့်
ကောက်ယူလတ္တံ့။ ထိုအခါ လူတို့မှာ တစ်စုံတစ်ရာ မပေးဆောင်နိုင် ပင်ပန်းဆင်းရဲလျက်
မြို့ကြီးရပ်ကြီးတို့၌ မနေနိုင်ပဲ ရပ်စွန် ပြည်နားသို့ သွားရောက်နေကြရသည်
ဖြစ်လတ္တံ့။ ကန်အလယ်တွင်နောက်၍ ကန်ဘေးတွင် ကြည်သကဲ့သို့ မြို့လယ်ရွာလယ်၌
တိတ်ဆိတ်၍ ရပ်စွန်ပြည်နား၌ လူစည်ကားလတ္တံ့။


*(၁၀) တစ်လုံးတည်းသော အိုးဖြင့် တချိန်တည်းချက်သော ထမင်းသည် အချို့ပျော့၏၊
အချို့ မနပ်၊ အချို့နပ်၏။ ဤသို့ မြင်မက်ပါသည်။*
နောင် တရား မစောင့်သော မင်းတို့ လက်ထက်၌ မိုးကွက်ကြား ရွာလတ္တံ့။ ထိုအခါ
အချို့နေရာ၌ မိုးရွာလွန်း၍ ကောက်ပဲသီးနှံ ပျက်အံ။ အချို့နေရာ၌ မရွာ၍ ပျက်အံ။
အချို့နေရာ တွင်ကား မိုးမှန်၍ ကောင်းအံ။ ဤသို့လျှင် ထမင်းအိုးတွင် မြင်သော
ထမင်းကဲ့သို့ ကောက်ပဲသီးနှံ သုံးထွေ ပြားလတ္တံ့။


*(၁၁) အဖိုးတသိန်းထက်သော စန္ဒကူးနှစ်ကို ယက်တက်ပုပ်ရည်ဖြင့် ရောင်းစားသည်ကို
မြင်မက်ပါသည်။*
နောင်အခါ ငါဘုရား၏ သာသနာတော် ဆုတ်ယုတ်သော ကာလတွင် လော်လည်၍ လာဘ္လာဘကို မက်မော
ကုန်သော ရဟန်းအလဇ္ဇီ လူအလဇ္ဇီတို့သည် ဆွမ်း၊ ဆေး၊ ကျောင်း၊ သင်္ကန်း ဥစ္စာပစ္စည်း
စသည် တို့ကို အလိုရှိကုန်သည် ဖြစ်၍ လမ်းခရီးဆုံ၊ အိမ်ဝ၊ အိမ်ကြို အိမ်ကြားတို့၌
ငါဘုရား၏ တရားတော်ကို ဟောကြားလတ္တံ့။ နိဗ္ဗာန် အလို့ငှာ ဟောတော် မူအပ်သော အလွန်
မွန်မြတ်သော တရားတော်ကို တစ်ပဲ၊ တစ္မူး၊ တစ်ကျပ် စသည်တို့ အကျိုးငှာ ရောင်းစား
ဟောပြော ကြသည် ဖြစ်၍ တသိန်းထိုက်သော စန္ဒာကူးနှစ်ကို ယက်တက်ပုပ်ရည်ဖြင့်
ရောင်းစား သကဲ့သို့ ဖြစ်ကုန်လတ္တံ့။


*(၁၂) ဘူးတောင်းတို့သည် ရေ၌ နစ်သည်ဟု မြင်မက်ပါသည်။*
နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ အမျိုးယုတ်သော သူတိို့ကိုသာ ရာထူး
စည်းစိမ် ပေးသည် ဖြစ်၍ အမျိုးယုတ်တို့ တန္ခိုး အာဏာ ကြီးမား ထင်ပေါ် အရာရာတွင်
တွင်ကျယ်လျက် ၄င်းတို့ စကားသာလျှင် ဘုူးတောငျး နစ်သကဲသို့ နစ်၍ တည်ကုန်လတ္တံ့။


 *(၁၃) ကျောက်ဖျာကြီး ရေတွင်ပေါ်သည်ဟု မြင်မက်ပါသည်။*
နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ တော်မှန် လိမ္မာ ပညာရှိသော သူတို့၏
စကားသည် မည်သည့် အရာ၌ မဆို လေးသော ကျောက်ဖျာ ရေတွင် ပေါ်သကဲ့သို့ နစ်တည်
ခြင်းမရှိ၊ မခို်င်မမြဲ ရှိကြကုန် လတ္တံ့။


*(၁၄) ဖားငယ္မ တို့သည် ကြီးစွာသော မြွေဟောက်ကြီးများကို စားမြိုသည်ဟု
မြင်မက်ပါသည်။*
နောင်အခါ လူတို့သည် ပြင်းသော ရာဂ ရှိကုန်သည် ဖြစ်၍ ကိလေသာ အလိုသို့ လိုက်လျက်
ငယ်ရွယ်ကုန်သော မယားတို့၏ အလိုသို့ လုံးဝ လိုက်ကြကုန် လတ္တံ့။ အလုပ်အကိုင်မှု၊
ဥစ္စာ ပစ္စည်းမှု၊ ကျေးကျွန်မှု၊ စီမံခန့်ခွဲမှု စေသာ အရပ်ရပ်တို့၌ လင်ပေါ်တွင်
လွှမ်းမိုး အုပ်စိုးခြင်းကို ပြုကြမည် ဖြစ်ရကား ဖားငယ်မသည် အဆိပ်လျင်သော မြွေကို
စားမျိုသကဲ့သို့ ဖြစ်ကုန်လတ္တံ့။


*(၁၅) မည်းနက် ရုပ်သွင်၊ အဆင်း ဆိုးဝါးသော ကျီးတို့ကို ရွှေ၏ အဆင်းနှင့် တူသော
ရွှေဟင်္သာ တို့က ခြံရံ နေကြသည်ကို မြင်မက်ပါသည်။*
နောင်အခါ အားနည်းသော မင်းတို့ လက်ထက်၌ ထိုမင်းတို့သည် ဆင်စီး မြင်းစီး စေသာ
အတတ်တို့၌ မလိမ္မာ၍ စစ်ထိုးခြင်း၌ မရဲရင့်ဘဲ ဖြစ်ကြကုန်လတ္တံ့။ ထိုအခါ တိုင်းပြည်
နိုင်ငံ ဆုံးရှုံးမည်ကို စိုး၍ တူသော ဇာတ်ရှိသော သူကောင်းသား တို့အား
အစိုးရခြင်းကို မေပးမူ၍ မိမိတို့ထံ၌ ခစား ကြကုန်သော အမျိုး ယုတ်သော
ကျေးကျွန်တို့အားသာ ပေးကုန်လတ္တံ့။ သို့ဖြစ်၍ အမျိုးကောင်းသားတို့ ကိုးကွယ်ရာ
မရှိပဲ အစိုးရခြင်း၌ တည်ကုန်သော အမျိုးယုတ်တို့ထံ၌ ခစားကြကုန် လတ္တံ့။


*(၁၆) ဆိတ်တို့သည် သစ္ကို သတ်စားကြသဖြင့် သစ်တို့သည် ကြောက်လန့်လျက်
ဆိတ်တို့ကို အေဝးမွ မြင်လျှင်ပင် တောချုံရှိရာသို့ ပြေးကြသည်ကို မြင်မက်ပါသည်။*
နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ အမျိုးယုတ်သော သူတို့ အစိုးရ
ကုန်သည် ဖြစ်၍ အမျိုးမြတ်သူတို့ မထင်ရှား ဖြစ်လတ္တံ့။ အမျိုးယုတ် သူတို့မှာ
မင်းကျွမ်းဝင်သည် ဖြစ်၍ တရားရုံးတို့၌ သြဇာအာဏာ လွှမ်းမိုးလျက်
အမျိုးမြတ်သူတို့၏ ဘိုးဘပိုင် လယ်မြေ ဥစ္စာ အရပ်ရပ်တို့ကို ငါတို့ လယ်မြေဥစ္စာ
ဖြစ်သည်ဟု သိမ်းယူကြ၍ တရားတဘောင် ဖြစ်လျှင် တန်ခိုးမဲ့သူတို့အား ဖိနှိပ်ပုတ်ခတ်
ခြိမ်းခြောက် နှင်ထုတ်လျက် အနိုင်ကျင့် ကြကုန်လတ္တံ့။ ထိုအခါ အမျိုးမြတ်သူတို့
ကြောက်လန့် စက်ဆုတ်ကုန်သည် ဖြစ်၍ လယ်ယာ ဥစ္စာတို့ကို ပေးအပ်ကုန်လျက်
အိမ်သို့ပြန်၍ အိပ်နေကြကုန်အံ။ ထိုမွ တပါးလည်း အကျင့်သီလရှိသော ရဟန်းတို့သည်
အကျင့်သီလမဲ့သော ရဟန်းတို့က ချုပ်ချယ် ဖိနှိပ်ကြလေသဖြင့် တောသို့ ပြေးဝင်
ပုန်းအောင်း ကြကုန်လတ္တံ့။ ဤသို့လျှင် အမျိုးကောင်း၊ သူတော်ကောင်း တို့လည်း
လွတ်ရာ ကျွတ်ရာ တောတောတောင်တောင် တို့ကို ပြေးပုန်း ကြကုန်လတ္တံ့။


*အမျိုးသား ပညာဝန် ဦးဖိုးက်ား၏ ငါးရာ့ငါးဆယ် ကောက်နုတ်ချက်များ (ပထမတွဲ) မွ
ကူးယူတင်ပြထားပါသည်။*


ဘုန်းကြီး၊ ရဟန်းမျာ လိုက်နာရသော ၂၂၇ သွယ်သော ၀ိနည်း ၁



ဘုန်းကြီး၊ ရဟန်းမျာ လိုက်နာရသော ၂၂၇ သွယ်သော ၀ိနညျး ၁

၀ိနယော နာမ ဗုဒ္ဓ သာသနဿ အာယု
၀ိနညျးတရားတောျသညျ သာသနာ၏ အသက်ဖြစ်သည်
၀ိနယေ ဌိတေ သာသနံ ဌိတံ ဟောတိ
၀ိနညျးတညျသညျ ရှိသော် သာသနာတော် တည်သည် မည်၏။
အာပတ်ဟုခေါ်သော အပြစ်ရောက်ခြင်း ၇ မျိူး
၁။ ဂရုကအာပတ် ၂မျိူး (ကြီးလေးသော)
၂။ လဟုကအာပတ် ၅မျိူး
ဂရုကအာပတ် ၂မျိူး
၁။ ပါရာဇိက အာပတ် (ရဟန်းဘ၀မှ ဆုံးရှူံးရသော အပြစ်)
၂။ သံဃာဒိသိသ်အာပတ် (ရဟန်း သံဃာမွ ၀ိုငျး၀နျးကူညီ စောင့်ရှောက်ပေးမှ ကုစားလို့ရသော အပြစ်
လဟုကအာပတ် ၅မျိူး
၃။ ထုလ္လစ္စဉ်းအာပတ် (ကြီးလေးသော အပြစ် သံဃာဒိသိသ်အောက် ကြီးလေးသော အပြစ်)
၄။ ပါစိတ်အာပတ်(ကုသိုလ်စိတ်မှ လေကျစေသော အပြစ်)
၅။ ပါဋိဒေသနီအာပတ်(သီးခြားထုတ်ဖော် ပြောကြားရသောအပြစ်)
၆။ ဒုက္ကဋ်အာပတ် (မကောင်းသော လုပ်ဆောင်ချက်အဖြစ် လူအမး ကဲ့ရဲ့ဖွယ် အပြစ်)
၇။ ဒုဗ်ဘာသီအာပတ် (မကောင်းသော ပြောဆိုမှုအဖြစ် လူအမး ကဲ့ရဲ့ဖွယ် အပြစ်)
၁။ပါရာဇိက သိက္ခာပုဒ် ======၄ပါး
၂။သံဃာဒိသိသ် သိက္ခာပုဒ်====၁၃ပါး
၃။အနိယတ သိက္ခာပုဒ်======၂ပါး
၄။နိဿဂ္ဂိပါစိတ် သိက္ခာပုဒ်=====၃၀ပါး
၅။သုဒ္ဓပါစိတ် သိက္ခာပုဒ်======၉၂ပါး
၆။ပါဋိဒေသနီ သိက္ခာပုဒ်======၄ပါး
၇။သခေိယ သိက္ခာပုဒ်=======၇၅ပါး
၈။အဓိကရဏ သမထ=======၇ပါး။
၈။အဓိကရဏ သမထ=======၇ပါး။
သိက္ခာပုဒ်ပေါင်း===၂၂၇ပါး
သိက္ခာပုဒ် အကျယ်အားဖြင့် ၉၁,၈၀၅,၀၃၆,၀၀၀
...................................
၁။ ပါရာဇိက ၄ပါး (ရဟန်းဘ၀မှ ဆုံးရှူံးရသော အပြစ်)
၁။ မေထုန ဓမ္မ ပါရာ ဇိက (မေထုန် မှီ၀ဲမှု) ။ (ရဟန်း နှင့် အထီး အမ သတ္တဝါ မှီ၀ဲမှု)
၂။ အဒိန္နာဒါန ပါရာဇိက(တမတ်နှင့် အထက် ခိုးယူမှု။)
၃။ မနုူ၀ိဂ်ဂဟ ပါရာဇိက (လူမှန်းသိလျက် သတ်မှု သေစေမှု)
၄။ ဥတ္တရိ မနုဿ ဓမ္မ ပါရာဇိက (စန် မဂ္ဖိုလ္မရဘဲ ဝါကြွား ပြောဆိုမှု)
( ယခု ဘ၀တွင် ပြန်လည်ပြီး ရဟန်းမဖြစ်တော့ပါ )

၂။ သံဃာဒိသိသ် ၁၃ ပါး
(ရဟန်း သံဃာမွ ၀ိုငျး၀နျးကူညီ စောင့်ရှောက်ပေးမှ ကုစားလို့ရသော အပြစ်)
ရဟန်း သံဃာမွ ၀ိုငျး၀နျးကူညီ စောင့်ရှောက်မှ ကုစားလို့ ရေသာ အပြစ်။
၅။ သုက်က၀ိသာဌိ သိက္ခာပုဒ် (မိမိဘာသာ မိမိ လုံ့လ ပြုပြီး သုတ်လွှတ်စေမှု)
၆။ ကာယသံသဂ္ဂ သိက္ခာပုဒ် (မာတုဂါမ (မိန်းမ) ကိုဆွဲကိုင်မှု)
၇။ ဒုဠုလ္လဝါစာ သိက္ခာပုဒ် (အယုတ္တမာ ပြောဆိုမှု)
၈။ အတ္တကာမ ပါရိစရိယ သိက္ခာပုဒ် (မေထုန် (ကာမ) အလှူခံမှု)
၉။ သဉ္စရိတ္တ သိက္ခာပုဒ် (ရှင်ဥဒါယီ အောင်သွယ်မှု)
၁၀။ ကုဋိကာရ သိက္ခာပုဒ် (သံဃာတော်၏ ညွန်ပြမှုကို မခံယူဘဲ ပမာဏထက် လွန်သောကေင်းကို ဆောက်မှု)
၁၁။ ၀ိဟာရ ကာရ သိက္ခာပုဒ် (ကေင်းဆောက်လိုသောကြောင့် သစ်ပင်ခုတ်စေမှု)
၁၂။ ဒုဌေဒါသ သိက္ခာပုဒ် (ရဟန်းတော်ကို မဟုတ်ပဲ ပါရာဇိကဖြင့် စွပ်စွဲမှု)
၁၃။ ဒုတိယ ဒုဌေဒါသ သိက္ခာပုဒ် (ပါရာဇိက ဖြင့် စွပ်စွဲမှု)
၁၄။ သံဃေဘဒက သိက္ခာပုဒ် (သံဃာ သင်းခွဲမှု)
၁၅။ ဘေဒါနု၀တ္တက သိက္ခာပုဒ် (သံဃာ သင်း ခွဲခြင်း အားပေးမှု)
၁၆။ ဒုဗ္ဗစ သိက္ခာပုဒ် (အရှင်ဆန္န ဆုံးမသည်ကို မနာခံမှု)
၁၇။ ကုလဒူသက သိက္ခာပုဒ် (ပဗ္ဗဇနီယ ကံပြုသောအခါ ကံပြုသော သံဃာမးကို ကဲ့ရဲ့ ရှုတ်ချမှု)
( အာပတ်ဖြေရုံဖြင့် မပြေပေက်ပါ )
ရဟန်း အချင်းချင်း ဒေသ နာကြား (အာပတ်ဖြေ ) အပြစ်၀န်ခံပြီး နောင်ကို မလုပ်ပါ ဟု ပြောဆို ၀နျခံလြှငျ ပြေပေက်နိုင်သော အျပစ္မး

၃။ အနိယတ သိက္ခာပုဒ် ၂ ပါး
၁၈။ အဌမအနိယတ သိက္ခာပုဒ်(လူအမး၏ မျက်စိကွယ်ရာ မာတုကာမနှင့်အတူ အကွယ်အကာရှိသော
နေရာ၌ တစ်ယောက်ချင်း နေထိုင်မှု)
၁၉။ ဒုတိယအနိယတ သိက္ခာပုဒ် (လူအမး၏ နားကွယ်ရာ မာတုကာမနှင့်အတူ အကွယ်အကာရှိသော
နေရာ၌ တစ်ယောက်ချင်း နေထိုင်မှု)

၄။ နိဿဂ္ဂိပါစိတ် သိက္ခာပုဒ် အပါး ၃၀ (စွန့်ပြစ်ရမည်)
(စီ၀ရ၀ဂ်)
၂၀။ ပဌမ ကထိန သိက္ခာပုဒ် (သင်္ကန်း အပို ဆောင်မှု)
၂၁။ ဒုတိယ ကထိန သိက္ခာပုဒ် (သင်္ကန်းကြီးကို မယူပဲ ခရီးထွက်မှု)
၂၂။ တတိယ ကထိန သိက္ခာပုဒ် (အကာလ၌ ရေသာ သင်္ကန်းကို တစ်လထက်ပိုပြီး မချူပ်ဆိုးဘဲ ထားမှု)
၂၃။ ပုရာဏ စီ၀ရ သိက္ခာပုဒ် (ဆွေမျိူးမတော်သော ဘိက္ခုနီအား သင်္ကန်းဖွပ်လှေ်ခို်င်းမှု)
၂၄။ စီ၀ရပဋိဂ္ဂဟဏ သိက္ခာပုဒ် (ဆွေမျိူးမတော်သော ဘိက္ခုနီထံ သင်္ကန်းအလှူခံမှု)
၂၅။ အညာတက ၀ိညတ်တိ ကထိန သိက္ခာပုဒ် (ဆွေးမျိူးမတော်သူထံ သင်္ကန်းတောင်းမှု)
၂၆။ တတုတ္တရိ သိက္ခာပုဒ် (သင်္ကန်းနှစ်ထည် ထက်ပိုပြီး အလှူခံမှု)
၂၇။ ဥပက္ခဋ သိက္ခာပုဒ် (သင်္ကန်းကောင်းအောင် တန်ဖိုးပိုအောင် အလွန် အထူး စီမံမှု)
၂၈။ ဒုတိယ ဥပက္ခဋ သိက္ခာပုဒ် (သင်္ကန်းကောင်းအောင် အလွန် အထူး စီမံမှု)
၂၉။ ရာဇ သိက္ခာပုဒ် (ေ၀ယ၀စ်စပွုသူအား ၀တၳုငှေ အတင်းတောင်းမှု)
(ကောသိယ၀ဂ်)
၃၀။ ကောသိယ သိက္ခာပုဒ် (ပိုးချည်ရောနှော အခင်း ပြုလုပ်စေမှု)
၃၁။ သုဒ်ဓ်ဒကာဠက သိက္ခာပုဒ် (အနက်ရောင် သိုးမွေးအခင်း ပြုလုပ်မှု)
၃၂။ ဒွေဘာဂ သိက္ခာပုဒ် (အနက်ရောင် သိုးမွေးကို သုံးပုံ နှစ်ပုံထက် ပိုပြီး ပါ၀င်စေမှု)
၃၃။ ဆဗ္ဗဿ သိက္ခာပုဒ် (ခြောက်နှစ်အတွင်း အခင်းသစ် ပြုလုပ်မှု)
၃၄။ နိသီဒနသနၳတ သိက္ခာပုဒ် (အခင်းဟောင်းကို စွန့်ပြစ်မှု)
၃၅။ ဧဠကေလာမ သိက္ခာပုဒ် (သိုးမွှေးထုပ် သယ်ဆောင်မှု)
၃၆။ ဧဠကလောမဓောဝါပန သိက္ခာပုဒ် (ဘိက္ခုနီအား သိုးမွှေးဖွပ်လှေ်ခိုင်းမှု)
၃၇။ ရူပိယ သိက္ခာပုဒ် (ရွှေ ငွေ အလှူခံယူမှု)
၃၈။ ရူပိယေဝါဟာရ သိက္ခာပုဒ် (ရွှေ ငွေ ဖြင့် လဲလှယ်မှု)
၃၉။ ကယ၀ိက်ကယ သိက္ခာပုဒ် (အရောင်း အ၀ယ်ပြုမှု)
(ပတ္တ၀ဂ်)
၄၀။ ပတ္တ သိက္ခာပုဒ် (ကိုယ်ပိုင် သပိတ်မးစြာ သိမ်းစည်းထားမှု)
၄၁။ ဦနပဉ္စဗ န္ဓ န သိက္ခာပုဒ် (သပိတ်မးစြာ တောင်းခံမှု)
၄၂။ ဘေသဇ္ဖ သိက္ခာပုဒ် (ဆေးပစ္စည်း သိုမှီးသိမ်းစည်းမှု)
၄၃။ ၀ိူကသာဋိက သိက္ခာပုဒ် (မိုးတွင်းမရောက်မီ မိုးရေ ခံသင်္ကန်းရှာမှီးမှု)
၄၄။ စီ၀ရအစၦိန်ဒန သိက္ခာပုဒ် (ပေးပြီး သင်္ကန်းပြန်ပြီး လုယူမှု)
၄၅။ သုတ်တ၀ိညတ်တိ သိက္ခာပုဒ် ( ချည်တို့ကို မးစြာ တောင်းမှု)
၄၆။ မဟာပေသကာရ သိက္ခာပုဒ် (အလှူရှင် ရည်မှန်းထားသည်ထက် ပိုပြီး သင်္ကန်းရက်စေမှု)
၄၇။ အစေ္စက စီ၀ရ သိက္ခာပုဒ် (အစေ္စက သင်္ကန်းကို ကြာရှည်စွာ ထားမှု)
၄၈။ သာသင်္က သိက္ခာပုဒ် (ခြောက်ညဥ့်ထက်ပိုပြီး သင်္ကန်းနှင့် ကင်းနေမှု)
၄၉။ ပရိဏတ သိက္ခာပုဒ် (သံဃာသို့ညွတ်ပြီး လာဘ်ကို မိမိသို့ ညွတ်စေမှု)

၅။ သုဒ်ဓါ ပါစိတ် သိက္ခာပုဒ် ၉၂ပါး
(ကုသိုလ်စိတ်မှ လေကျစေသော အပြစ်)
၅၀။ မုသာဝါဒ သိက္ခာပုဒ် (လိမ်လည်ပြောမှု)
၅၁။ သြမသ ဝါဒ သိက္ခာပုဒ်( ဆဲရေးရှုတ်ချမှု)
၅၂။ ပေသုည သိက္ခာပုဒ် (ခေပစ်ကုန်းတိုက်မှု)
၅၃။ ပဒေသာ ဓမ္မ သိက္ခာပုဒ် (လူ သာမဏေတို့နှင့် ပါဠိတော်ကို သံပြိုင် ဆိုမှု)
၅၄။ ပဌမ သဟ သေယျ သိက္ခာပုဒ် (လူ သာမဏေတို့ နှင့် အတူ အိပ်မှု)
၅၄။ ပဌမ သဟ သေယျ သိက္ခာပုဒ် (လူ သာမဏေတို့ နှင့် အတူ အိပ်မှု)
၅၅။ ဒုတိယ သဟေသယ် သိက္ခာပုဒ် (မာတုကာမနှင့်အတူ အးအကာတူ နေရာ၌အိပ်မှု)
၅၆။ ဓမ္မဒေသနာ သိက္ခာပုဒ် (မာတုကာမအား ယောက်းအဖော်မပါပဲ တရားဟောမှု)
၅၇။ ဘူတာရောစန သိက္ခာပုဒ် (စန် မဂ်ဖိုလ်တရားရကြောင်း အမှန်ပြောမှု)
၅၈။ ဒုဌုလ္လာရောစန သိက္ခာပုဒ် (ရဟန်းတပါး၏ သံဃာဒိသေသ်အာပတ်ကို လူတို့အားပြောမှု)
၅၉။ ပထ၀ီ ခဏန သိက္ခာပုဒ် (မြေတူးမှု အတူးခိုင်းမှု)
(ဘူတဂါမဝါဂ်)
၆၀။ ဘူတဂါမ သိက္ခာပုဒ် (သစ်ပင်ခုတ်မှု)
၆၁။ အညဝါဒက သိက္ခာပုဒ် (စကားလှီးလွဲမှု)
၆၂။ ဥဇ္စပနက သိက္ခာပုဒ် (ကဲ့ရဲ့ ရှူတ်ချမှု)
၆၃။ ပဌမ သေနာသန သိက္ခာပုဒ် (သံဃိက ညောင်စောင်း(ကုဋင်)ခေါင်းအုံးစသည်ကို လွင်တီးကောင်၌ခင်းပြီး မရုတ်သိမ်းမှု)
၆၄။ ဒုတိယ သေနာသန သိက္ခာပုဒ် (သံဃိကေကင်းပေါ်၀ယ် အိပ်ရာနေရာခင်းပြီး မရုပ်သိမ်းမှု)
၆၅။ အနုပခဇ္ဇ သိက္ခာပုဒ် (မထေရ်ကြီးမး အနားကပ်ပြီး နေထိုင်မှု)
၆၆။ နိကဍ္ဎန သိက္ခာပုဒ် (သံဃိက ကေင်းမှ ထွက်သွားအောင်လုပ်မှု)
၆၇။ ေ၀ဟာသကုဋိ သိက္ခာပုဒ် (အခင်းမရှိသည့် အပေါ်ထပ်တွင် ခုတင်ခင်းနေမှု)
၆၈။ မဟလ္လက ၀ိဟာ၇ သိက္ခာပုဒ် (ကေင်းကို အထပ်ထပ် အမိုးခိုင်းမှု)
၆၉။ သပ်ပါဏက သိက္ခာပုဒ် (ပိုးရှိသော ရေကိုသွန်မှု)
(ဘိက္ခုနောဝါဒ၀ဂ်)
၇၀။ သြဝါဒ သိက္ခာပုဒ် (ဘိက္ခုနီ တို့အား သြဝါဒ ပေးမှု)
၇၁။ အတၳငျ်ဂတ သိက္ခာပုဒ် (ဘိက္ခုနီ တို့အားနေ၀င်အောင် သြဝါဒ ပေးမှု)
၇၂။ ဘိက္ခုနုပဿယ သိက္ခာပုဒ် (ဘိက္ခုနီကေင်းသို့သွားပြီး သြဝါဒပေးမှု)
၇၃။ အာမိသ သိက္ခာပုဒ် (ထေရ်ကြီးတို့အား စွပ်စွဲမှု)
၇၄။ စီ၀ရဒါန သိက္ခာပုဒ် (ဘိက္ခုနီအား သင်္ကန်းပေးမှု)
၇၅။ စီ၀ရ သိဗ္ဗန သိက္ခာပုဒ် (ဆွေမျိုးမတော်သော ဘိက္ခုနီအား သင်္ကန်းချူပ်ပေးမှု)
၇၆။ သံ၀ိဓာန သိက္ခာပုဒ် (ဘိက္ခုနီ တို့နှင့် တိုင်ပင်ပြီး ခရီးသွားမှု)
၇၇။ နာဝါဘိရုဟန သိက္ခာပုဒ် (ဘိက္ခုနီ တို့နှင့် တိုင်ပင်ပြီး လှေစီးမှု)
၇၈။ ဘိက္ခုနိပရိပါစိတ သိက္ခာပုဒ် (ဘိက္ခုနီ စီမံပေးသော ဆွမ်းကို စားမှု)
(ဘောဇန၀ဂ်)
၈၀။ အာဝါသထပိဏ်ဏ္႑ သိက္ခာပုဒ် (တည်းခိုရာ ဇရပ်၌ ဧည့်၀တ်ဆွမ်းကို အမြဲစားမှု)
၈၁။ ဂဏေဘာဇန သိက္ခာပုဒ် (ဂဏဘောဇဉ်ကို စားမှု)
၈၂။ ပရမ္ပရဘောဇန သိက္ခာပုဒ် (ပထမပင့်ဆွမ်းကို မစားပဲ ဒုတိယ ပင့်ဆွမ်းကို စားမှု)
၈၃။ ကာဏာမာတာ သိက္ခာပုဒ် (လက်ဆောင်ပေးဖို့ မုန့်မးကို အကုန် အလှူခံမှု)
၈၄။ ပထမ ပဝါရဏာ သိက္ခာပုဒ် ( တော်ပြီဟု ပစ်ပယ်ပြီးမှ ထပ်မံစားမှု)
၈၅။ ဒုတိယ ပဝါရဏာ သိက္ခာပုဒ် (ပဝါရိတ် သင့်ထားသော ရဟန်းအား နောက်ထပ်စားရန် တိုက်တွန်းမှု)
၈၆။ ၀ိကာလ ဘောဇန သိက္ခာပုဒ် (နေ့လွဲညစာ စားသောက်မှု)
၈၇။ သန္နိဓိ သိက္ခာပုဒ် (စားစရာ သိုမွီ သိမ်းစည်းထားပြီး စားမှု)
၈၈။ ပဏီတ ဘောဇန သိက္ခာပုဒ် (မွန်မြတ်သော အစာကို တောင်းစားမှု)
၈၉။ ဒန္တပေါဏ သိက္ခာပုဒ် (အကပ္မခံပဲ စားမှု)
(အစေလက၀ဂ်)
၉၀။ အေစလက သိက္ခာပုဒ် ( အ၀တ်မ၀တ်သော တိတ္တိတို့အား အစားအစာပေးမှု)
၉၁။ ဥေယဇန သိက္ခာပုဒ် (ဆွမ်းခံခေါ်သွားပြီးနောက် ပြန်လွှတ်မှု)
၉၂။ သေဘာဇန သိက္ခာပုဒ် (လင်မယားအိပ်ယာပေါ်၌ ထိုင်နေမှု)
၉၃။ ရဟောပဋိစၦန်န (ဖုံးကွယ်ရာ၌ မာတုဂါမ နှင့်နေမှု)
၉၄။ ရဟောနိသဇ္ဖ သိက္ခာပုဒ် (ဆိတ်ကွယ်ရာ၌ မာတုကာမနှင့် နှစ်ယောက်ချင်းအတူနေမှု)
၉၅။ စာရိတ္တ သိက္ခာပုဒ် (ဆွမ်းမစားမီ အိမ်လည်မှု)
၉၆။ မဟာနာမ သိက္ခာပုဒ် (နှိပ်နှိပ်စက်စက်တောင်းမှု)
၉၇။ ဥယျုတ္တသေနာ သိက္ခာပုဒ် (စစ်တိုက်ထွက်သည်ကို ကြည့်ရှုမှု)
၉၈။ သေနာဝါသ သိက္ခာပုဒ် (စစ်တပ်အတွင်း ညအိပ်မှု)
၉၉။ ဥေယ်ာဓိက သိက္ခာပုဒ် (စစ်တိုက်နေသည်ကို ကြည့်မှု)




Friday, August 26, 2016

လယ်တီဒီပနီများ Download ရယူနိုင်သောနေရာ


လယ်တီဆရာတော် ထေရှုပ္ပတ္တိ

ကမ္မဌာန်းကျမ်းကြီး

ကမ္မဌာန ဒီပနီ

ဂမီ်ဘရကဗျာကျမ်း

ဓမ္မဒီပနီ

ဒါနာဒိ ဒီပနီ

ဓါတ်ကမ္မဌာန်းကျမ်းသစ်

ပဋိစ်စသမုပ်ပါဒဒီပနီ

ပရမတၳသံခိပျကမြျး

ပါရမီဒီပနီ

ဘယဝိနာသကဒီပနီနှင့်လယ်တီမိန့်ခွန်းတော်

ဘာ၀နာဒီပနီ

မဂ္ဂင်္ဂ ဒီပနီ

ရောဂန္တရ ဒီပနီ

လယ်တီနိဗ္ဗာန်

ဝိနယသံခိပ်ကျမ်း

ဝိဇ္ဇာမဂ္ဂ ဒီပနီ

သဒ္ဒသံခိပ်ကျမ်း

သာသနဝိသောဓနီ 1

သာသနဝိသောဓနီ 2

သာသနဝိသောဓနီ 3

သာသနသမ္ပတ္တိ ဒီပနီ

သုကုမာရမဂ္ဂ ဒီပနီ

သောမနဿုပေက္ခာ ဒီပနီ

အနတ္တ ဒီပနီ

အလင်းကျမ်း

အာနာပါန ဒီပနီ

အာဟာရ ဒီပနီ

လယ်တီဟောကိန်းတရားစာ

ဝိပဿနာ ဒီပနီ

သမ္မာဒိဋ္ဌိ ဒီပနီ

စတုသစ္စ ဒီပနီ

ဗောဓိပက္ခိယ ဒီပနီ

နိယာမ ဒီပနီ

လက္ခဏ ဒီပနီ

သစ္စတ္တ ဒီပနီ

သီလ ၀ိနိစၦယ