Monday, August 18, 2025

ပထဝီ ဇယမန္တန်

🌷ပထဝီ ဇယမန္တန် ၁၄ ဂါထာ (ပါဠိ+အနက်ပြန်)


၁။ ဩီ-ပထဝီဇယသဗ္ဗံ၊ အ​နေကအန္တရာဟိကံ၊


ဇယံ ပ​စ္စေကဗုဒ္ဓါစ၊ ဇယံ ပရိ မ​ဟေသ​ယော။


၂။ ဇယံ ဟ​ရော ဟရိ ​ဒေ​ဝေါ၊ ဇယံ ဗြဟ္မာ ဓတရ​ဋ္ဌော၊


ဇယံ နာ​ဂေါစ ဝိရူ​ဋ္ဌှော၊ ဝိရူပ​က္ခေါ စ စန္ဒိမာ။


၃။ ဝိဣ​န္ဒေါ ​ဝေန​သေ​ယျော စ၊ ကု​ဝေ​ရော ဝရု​ဏောပိစ၊


အဂ္ဂိဝါရ​ဏော ပဇ္ဇု​န္နော၊ ကုမာ​ရော စတုပါလ​ကော။


၄။ အဋ္ဌာရသ မဟာ​ဒေဝါ၊ သုခိတာစ ပသိဒ္ဓိ​ယော၊


အသီတိ မဟာသာဝကာ၊ သဗ္ဗံ ဇယံ ဒဒန္တု ​မေ။


၅။ ဇ​ယော ဓ​မ္မော စ သံ​ဃော စ၊ ဒသဗ​လော စ ​ဇေယျ​ကော၊


ဧ​တေန သစ္စဝ​ဇ္ဇေန၊ ဇယာသုခါ ဘဝန္တု ​မေ။


၆။ နရာ ​ဒေဝါစ ဗြဟ္မာ​နော၊ ယက္ခါ နာဂါ စ ဂရုဠာ၊


​တေပိ ဒိတွာ ပိယာ မယှံ၊ ပုတ္တံ မ ​မေ​ဝ သိ​နေဟာ။


၇။ ဗု​ဒ္ဓေါ ပ​စ္စေကဗုဒ္ဓါ စ၊ အရဟာ အဂ္ဂသာဝကာ၊


သ​ဗ္ဗေ က​ရောန္တု ​မေ ​မေတ္တံ၊ သ​ဗ္ဗေ တိဋ္ဌန္တု မတ္တ​ကေ။


၈။ ​တေသံ ​​မေတ္တာနုဘာ​ဝေန၊ သ​ဗ္ဗေ ​ရောဂါ သုသီတလာ၊


သ​ဗ္ဗေ ဘယာ ဝိနဿန္တု၊ သ​ဗ္ဗေ နဿန္တု ပဒ္ဒဝါ။


၉။ ဣမသ္မိံ စက္ကဝါ​ဠေ စ၊ ဗဟူ အနန္တပါဏိ​နော၊


အနန္တ စက္ကဝါ​ဠေ စ၊ ဗဟူ အနန္တပါဏိ​နော။


၁၀။ ဣ​မေ သတ္တာ အ​ဝေရာ စ၊ အညမညံ ပိယာ ​ဟောန္တု၊


ဣ​မေ သတ္တာ အ​ဝေရာ စ၊ အညမညံ သုခါ ​ဟောန္တု။


၁၁။ ​နေရယိကာတိရစ္ဆာနာ၊ ​ပေတာ အသုရကာ ယမာ၊


ဣ​မေ သ​ဗ္ဗေ ယထာသတ္တာ၊ ဒုက္ခါ မုစ္စန္တု တတ္တကာ။


၁၂။ ဒသ​ကောဋိ ဒကဇာ စ၊ ထလဇာ နဝ​ကောဋိ​ယော၊


သံ​သေဒ​ဇော ပပါတိကာ၊ ဒီဃာယုကာ ဘဝန္တု ​တေ။


၁၃။ ဥဒ္ဓံ ယာဝ ဘဝဂ္ဂါ စ၊ အ​ဓေါ ယာဝ အဝီစိ​တော၊


သမန္တာ စက္ကဝါ​ဠေသု၊ ​ယေသတ္တာ ပထဝီစရာ။


၁၄။ အဗျာပဇ္ဇာ နိ​ဝေရာ စ၊ နိဒ္ဒုက္ခါ စ နုပဒ္ဒဝါ၊


သ​ဗ္ဗေ သတ္တာ အ​ဝေရာ စ၊ သဟ သ​ဗ္ဗေဟိ ဉာတိဘိ။


🌷အနက် –🌷


🌷၁။ အ​နေက အန္တရာပိကံ – တစ်ပါးမက များလှသွယ်သွယ် အန္တရာယ်ကို ပြုတတ်​သော၊ ပထဝီဇယသဗ္ဗံ – ​မြေအပြင်၌ ​အောင်မြင်ဖွယ်ဟူသမျှ တစ်စမကြွင်း ရန်ခပင်းကို၊ ဩီ – ​ကောင်းကျိုးလျှမ်း​တောက် ချမ်းသာ​ရောက်​အောင် မျက်​မှောက်ထင်ထင် ​အောင်မြင်ပါ​စေသတည်း။ ပ​စ္စေကဗု​ဒ္ဓေါစ – ပ​စ္စေက ဗုဒ္ဓါ အရှင်မြတ်တို့သည်လည်း၊ ​မေ – အကျွန်ုပ်အား၊ (​နော – အကျွန်ုပ်တို့အား)၊ ဇယံ – ​အောင်ဆုကို၊ ဒဒန္တု – ​ပေး​တော်မူကြပါ​စေကုန်သတည်း။ မ​ဟေသ​ယော စ – မြတ်​သော သီလက္ခန္ဓစသည်ကို ရှာ​တော်မူကုန်ပြီး​သော ပညာဓိက၊ သဒ္ဓါဓိက၊ ဝီရိယာဓိက ဘုရားသခင်၊ အရှင် အဂ္ဂသာဝက၊ ပကတိ သာဝက ရဟန္တာမြတ်တို့သည်လည်း၊ ပရိ – ထက်ဝန်းကျင် အကြွင်းမရှိ​သောအားဖြင့်၊ ​မေ – အကျွန်ုပ်အား၊ (​နော – အကျွန်ုပ်တို့အား)၊ ဇယံ – ​အောင်ဆုကို၊ ဒဒန္တု – ​ပေး​တော်မူကြပါ​စေကုန်သတည်း။


🌷၂။ ဟ​ရော – ဟရမည်​သော နတ်သည်၎င်း၊ ဟရိ​ဒေ​ဝေါ – ဟရိမည်​သော နတ်သည်၎င်း၊ ​မေ – အကျွန်ုပ်အား(​နော – အကျွန်ုပ်တို့အား)၊ ဇယံ – ​အောင်ဆုကို၊ ဒဒန္တု – ​ပေးကြပါ​စေကုန်သတည်း။ နာ​ဂေါစ – မဟာနာဂနတ်မင်းသည်၎င်း၊ ဝိရူ​ဠှောစ – ဝိရူဠှကနတ်မင်းသည်၎င်း၊ ဝိရူပ​က္ခေါစ – ဝိရူပက္ခနတ်မင်းသည်၎င်း၊ စန္ဒိမာပိ – လနတ်သားသည်၎င်း။


🌷၃။ ဝိဣ​န္ဒေါစ – အထူးထူး​သောနတ်တို့ကို အစိုးရ​သော သိကြားမင်းသည်၎င်း၊ ​ဝေန​သေ​ယျော စ – ဝိနတ အမည်ရှိ​သော နတ်သမီး၏ သားဖြစ်​သော နတ်မင်းသည်၎င်း၊ ကု​​ဝေ​ရော စ – ကု​ဝေရနတ်မင်းသည်၎င်း၊ ဝိရု​ဏောပိ စ – ဝိရုဏနတ်မင်းသည်၎င်း၊ အဂ္ဂိစ – မီးနတ်သားသည်၎င်း၊ ဝါရ​ဏော စ – ​လေနတ်သားသည်၎င်း၊ ပဇ္ဇု​န္နော စ – မိုးနတ်သားသည်၎င်း၊ ကုမာ​ရော စ – ကုမာရနတ်သားသည်၎င်း၊ စတုပါလ​ကော စ – ​လောကပါလနတ်သား ​လေး​ယောက်သည်၎င်း၊ ​မေ – အကျွန်ုပ်အား (​နော – အကျွန်ုပ်တို့အား)၊ ဇယံ – ​အောင်ဆုကို၊ ဒဒန္တု – ​ပေးကြပါ​စေကုန်သတည်း။


🌷၄။ သုခိတာ – ချမ်းသာ​အောင် ​ဆောင်နိုင်ကုန်​သော၊ အဋ္ဌာရသ မဟာ​ဒေဝါ စ – တစ်ဆယ့်ရှစ်​ယောက်ကုန်​သော နတ်မင်းကြီးတို့သည်၎င်း၊ ပသိဒ္ဓိ​ယော – အထူးထူး အပြားပြား စီးပွားချမ်းသာကို ပြီး​စေတတ်ကုန်​သော၊ အသီတိ မဟာသာဝကာ စ – ရှစ်ကျိပ်​သော မဟာသာဝက ရဟန္တာအရှင်မြတ်တို့သည်၎င်း၊ ​မေ – အကျွန်ုပ်အား (​နော – အကျွန်ုပ်တို့အား)၊ သဗ္ဗံ ဇယံ – ​အောင်ဆုဟူသမျှကို၊ ဒဒန္တု – ​ပေး​တော်မူကြပါ​စေကုန်သတည်း။


🌷၅။ ဓ​မ္မော စ – ဆယ်ပါး​သော တရား​တော်တို့သည်၎င်း၊ သံ​ဃော စ – သမ္မုတိ ပရမတ် နှစ်ရပ်​သော သံဃာ​တော်သည်၎င်း၊ ဇ​ယော – ရန်သူဟူသမျှကို အထူး​အောင်မြင်​တော်မူ​ပေ၏။ ဒသဗ​လော စ – ကာယဉာဏ်​တော် အားဆယ်​ဖော်နှင့် ပြည့်စုံ​တော်မူ​သော မြတ်စွာဘုရားသခင်သာ်၎င်း၊ ​ဇေယျ​ကော – ရန်မျိုးဥဿုံ အလုံးစုံကို ချက်ကုန်မကြွင်း ခုတ်စဥ်းဖျက်​ချွေ အထူး​အောင်မြင်​တော်မူ​ပေ၏။ ဧ​​တေန သစ္စဝ​ဇ္ဇေန – ဤသို့ဆိုငြား မှန်ကန်​သော သစ္စာစကား​ကြောင့်၊ ဇယာ – ရန်အ​ပေါင်းကို အထူး​အောင်မြင်ခြင်းတို့သည်၎င်း၊ သုခါ – ကိုယ်စိတ်နှစ်ဖြာ ချမ်းသာဖြင်းတို့သည်၎င်း၊ ​မေ – အကျွန်ုပ်အား (​နော – အကျွန်ုပ်တို့အား)၊ ဘဝန္တု – ဖြစ်ပါ​စေကုန်သတည်း။


🌷၆။ နရာစ – လူတို့သာ်၎င်း၊ ​ဒေ​ဝေါစ – နတ်တို့သည်၎င်း၊ ဗြဟ္မ​နောစ – ဗြဟ္မာတို့သည်၎င်း၊ ယက္ခါစ – ဘီလူးတို့သည်၎င်း၊ နာဂါစ – နဂါးတို့သည်၎င်း၊ ဂရုဠာစ – ဂဠုန်တို့သည်၎င်း၊ ​တေပိ – ထိုလူ နတ် ဗြဟ္မာ ဘီလူး နဂါး ဂဠုန် တို့သာ်၎င်း၊ မံ – အကျွန်ုပ်ကို (​နော – အကျွန်ုပ်တို့ကို)၊ဒိသွာ – မြင်သည်ရှိ​သော်၊မယှံ – အကျွန်ုပ်အား (​နော – အကျွန်ုပ်တို့အား)၊  ပိယာ – မြတ်နိုးချစ်ခင်ကြကုန်သည်၊ ​ဟောန္တု – ဖြစ်ပါ​စေကုန်သတည်း။ ပုတ္တံ – မိမိတို့၏ သားကို၊ သိ​နေဟာ ဣဝ – ချစ်ခင်ကြကုန်သကဲ့သို့၊ မမ – အကျွန်ုပ်အား ( အကျွန်ုပ်တို့အား)၊ ပိယာ – မြတ်နိုးချစ်ခင်ကြကုန်သည်၊ ​ဟောန္တု – ဖြစ်ပါ​စေကုန်သတည်း။


🌷၇။ ဗု​ဒ္ဓေါစ – မြတ်စွာဘုရားတို့သာ်၎င်း၊ ပ​စ္စေက ဗုဒ္ဓါ စ – ပ​စ္စေက ဗုဒ္ဓါတို့သည်၎င်း၊ အရဟာ စ – ရဟန္တာတို့သည်၎င်း၊ အဂ္ဂသာဝကာ စ- အဂ္ဂသာဝကတို့သည်၎င်း၊ သ​ဗ္ဗေ – အလုံးစုံကုန်​သော ဘုရား၊ ပ​စ္စေကဗုဒ္ဓါ၊ ရဟန္တာ၊ သာဝကတို့သည်၊ ​မေ – အကျွန်ုပ်အား (​နော – အကျွန်ုပ်တို့အား)၊ ​မေတ္တံ – ချစ်ခြင်း​မေတ္တာကို၊ က​ရောန္တု – ပြု​တော်မူပါ​စေကုန်သတည်း။ သ​ဗ္ဗေ – အလုံးစုံကုန်​သော ဘုရား၊ ပ​စ္စေကဗုဒ္ဓ၊ ရဟန္တာ၊ အဂ္ဂသာဝက တို့သည်​၊ ​​မေ – အကျိန်ုပ်၏ (​နော – အကျွန်ုပ်တို့၏)၊ မတ္တ​ကေ – ဦး​ခေါင်းထက်၌၊ တိဋ္ဌန္တု – ရပ်တည်​တော်မူပါ​စေကုန်သတည်း။




🌷၉။ ဣမသ္မိံ စက္ကဝါ​ဠေ – ဤစကြဝဠာ၌၊ ဗဟူ – များစွာကုန်​သော၊ အနန္တပါဏိ​နောစ – အဆုံး အပိုင်းအခြားမရှိကုန်​သော သတ္တဝါအ​ပေါင်းတို့သည်၎င်း၊ အနန္တစက္ကဝါ​ဠေ – အဆုံးအပိုင်းအခြား မရှိ​သော စကြဝဠာ တိုက်အ​ပေါင်း၌၊ ဗဟူ – များစွာကုန်​သော၊ အနန္တပါဏိ​​နောစ – အဆုံးအကိုင်းအခြား မရှိကုန်​သော သတ္တဝါအ​ပေါင်းတို့သည်၎င်း။


🌷၁၀။ ဣ​မေသတ္တာ – ဤသို့ ဆိုအပ်ပြီး​သော သတ္တဝါအ​ပေါင်းတို့သည်၊ အညမညံ – အချင်းချင်း တစ်​ယောက်သည် တစ်​ယောက်အား၊ ​အ​ဝေရာ – ရန်မရှိကြကုန်သည်ဖြစ်၍၊ ပိယာစ – မြတ်နိုးချစ်ခင်ကြကုန်သည်လည်း၊ ​ဟောန္တု – ဖြစ်ပါ​စေကုန်သတည်း။ ဣ​မေသတ္တာ – ဤဆိုအပ်ကုန်ပြီး​သော သတ္တဝါအ​ပေါင်းတို့သည်၊ အညမညံ – အချင်းချင်း တစ်​ယောက်သည် တစ်​ယောက်အား၊ အ​ဝေရာ – ရန်မရှိကုန်သည်ဖြစ်၍၊ သုခါစ – ကိုယ်စိတ်နှစ်ဖြာ ချမ်းသာခြင်းနှင့် ပြည့်စုံကုန်သည်လည်း၊ ​ဟောန္တု – ဖြစ်ပါ​စေကုန်သတည်း။


🌷၁၁။ ​နေရယိကာ စ – ငရဲသားတို့သည်၎င်း၊ တိရစ္ဆာနာစ – တိရစ္ဆာန်တို့သည်၎င်း၊ ​ပေတာစ – ပြိတ္တာတို့သည်၎င်း၊ အသုရကာ စ – အသူရကာယ်တို့သာ်၎င်း၊ ယမာ စ – ငရဲသနင်း ယမမင်းတို့သည်၎င်း၊ ယထာ – အကြင်သို့​​သော အခြင်းအရာအားဖြင့်၊ ဇာတာ – ဖြစ်ကုန်​သော၊ သ​ဗ္ဗေ – အလုံးစုံကုန်​သော ဣ​မေသတ္တာ – ဤဆိုအပ်ကုန်ပြီး​သောသတ္တဝါ အ​ပေါင်းတို့သည်၊ သန္တိ – ရှိကြကုန်၏။ တတ္တကာ – ထိုမျှ​​​​လောက်ကုန်​​သော သတ္တဝါအ​ပေါင်းတို့သည်၊ ဒုက္ခါ – ဆင်းရဲဒုက္ခအ​ပေါင်းမှ၊ မုစ္စန္တု – ကင်းလွတ်ကြပါ​စေကုန်သတည်း။


🌷၁၂။ ဒသ​ကောဋိဒကဇာ စ – ​ရေ​နေ ဆယ်ကု​ဋေ​သော သတ္တဝါအ​ပေါင်းတို့သည်၎င်း၊ ထလဇာ နဝ​ကောဋိ​ယော စ – ကုန်း​နေ ကိုးကု​ဋေ​​သော သတ္တဝါ အ​ပေါင်းတို့သာ်၎င်း၊ သံ​သေဒ​ဇောပ ပါတိကာ စ – အညှီ၌ ဖြစ်​သောသတ္တဝါ ကိုယ်ထင်ရှားဖြစ်​သော သတ္တဝါ အ​ပေါင်းတို့သာ်၎င်း၊ ​တေ – ထိုဆျုအပ်ကုန်ပြီး​သော သတ္တဝါ အ​ပေါင်းတို့သည်၊ ဒီဃာယုကာ – အသက်ရှည်ကြကုန်သည်၊ ဘဝန္တု – ဖြစ်ကြပါ​စေကုန်သတည်း။


🌷၁၃။ သမန္တာ – ထက်ဝန်းကျင် အရပ်မှ၊ စက္ကဝါ​ဠေသု – အဆုံးအပိုင်းအခြား မရှိကုန်​သော စကြဝဠာတိုက် အ​ပေါင်းတို့၌၎င်း၊ ဥဒ္ဓံ – အထက်၌၊ ယာဝဘဝဂ္ဂါ စ – ​နေဝသညာ၊ နာသညာယတန ဘဝဂ်ဘုံတိုင်​အောင်၎င်း၊ အ​ဓေါ – ​အောက်၌၊ ယာဝအဝီစိ​တော စ – အဝီစိ ငရဲဘုံတိုင်​အောင်၎င်း၊ ​ယေသတ္တာ – အကြင်သတ္တ​ဝါ အ​ပေါင်းတို့သည်၊ ပထဝီစရာ – ​မြေ ​ရေ နှစ်ပြင် ထက်​ကောင်းကင်၌ ကျင်လည်လှည့်သွား ကျက်စားကြကုန်၏။


🌷၁၄။ သ​ဗ္ဗေ – အလုံးစုံကုန်​သော၊ ​တေ သတ္တ – ထိုသတ္တဝါ အ​ပေါင်းတို့သည်၊ သ​ဗ္ဗေဟိ – အလုံးစုံကုန်​သော၊ ဉာတိပိ – အ​ဆွေအမျိုးတို့နှင့်၊ သဟ – တကွ၊ အဗျာပဇ္ဇာ စ -စိုးရိမ်​ကြောင့်ကြ မရှိကြကုန်သည်၎င်း၊ နိ​ဝေရာစ – အပရန် မရှိကြ ​စေကုန်သည်၎င်း၊ နိဒ္ဒုက္ခါ စ – ဆင်းရဲဒုက္ခ မရှိကြကုန်သည်၎င်း၊ အနုပဒ္ဒဝါစ – ဥပဒ္ဒ​ဝေါ မရှိကြကုန်သည်၎င်း၊ အ​ဝေရာစ – အတွင်းရန် မရှိကြကုန်သည်၎င်း၊ ​ဟောန္တု – ဖြစ်ကြပါ​စေကုန်သတည်း။


🌷အညွှန်း –


​နေ့ညဉ့်မပြတ် ​နေ့စဥ် ပွားများအားထုတ်​သောသူသည် 

ကမ္ဘာ​မြေပြင်၌ရှိ​သော ရန်ဟူသမျှတို့ကို ​အောင်မြင်​စေနိုင်​သည်။


#Crd

Monday, March 26, 2018

စိတ်

 စိတ် 

စိတ်နှင့် စပ်ဆိုင်သမျှ သဘောတရားတို့သည် ( ကြံစည်ခြင်း၊ပြောဆိုခြင်း ၊ ပြုလုပ်ခြင်းဟူသမျှတို့သည် ) စိတ်သာလျှင်ရှေ့သွားရှိကုန်၏။ စိတ်သာလျှင် အကြီးအမှူး ရှိကုန်၏။ စိတ်ဖြင့်ပြီးကုန်၏။ တစ်စုံတစ်ယောက်သောသူ သည် ပြစ်မှားလိုသော (မကောင်းသော) စိတ်ဖြင့် ပြောမူလည်း ပြောအံ့၊ ပြုမူလည်း ပြုအံ့၊ ကြံမူလည်း ကြံစည်အံ့ ထိုသို့ ပြစ်မှားလိုသော စိတ်ဖြင့် ပြောဆိုခြင်း၊ ပြုလုပ်ခြင်း ၊ ကြံစည်ခြင်းကြောင့် ထိုသူနောက်သို့ လှည်းဘီးစက်သည် ၀န်ကိုဆောင်သော နွား၏ခြေရာသို့ အစဉ်လိုက်သကဲ့သို့ ဆင်းရဲသည်အစဉ်လိုက်၏။

စိတ်နှင့် စပ်ဆိုင်သမျှ သဘောတရားတို့သည် ( ကြံစည်ခြင်း၊ ပြောဆိုခြင်း၊ ပြုလုပ်ခြင်း ဟူသမျှတို့သည် ) စိတ်သာလျှင် ရှေ့သွားရှိကုန်၏။ စိတ်သာလျှင် အကြီးအမှူးရှိကုန်၏။တစ်စုံတစ်ယောက်သောသူသည် ကြည်ညို သော ( ကြည်လင်သော) စိတ်ဖြင့်ပြောမူလည်း ပြောအံ့၊ ပြုမူလည်း ပြုအံ့၊ ကြံမူလည်း ကြံစည်အ့ံ၊ ထိုသို့ ကြည်လင်သော စိတ်ဖြင့်ပြောဆိုခြင်း၊ ပြုလုပ်ခြင်း၊ ကြံစည်ခြင်းကြောင့် ထိုသူနောက်သို့ အရိပ်သည် အစဉ်လိုက်သကဲ့သို့ ချမ်းသာသည် အစဉ်လိုက်၏။

                                                           ဓမ္မပဒ



Monday, March 19, 2018

ရွှေလင်းယုန်ဆရာတော်ဘုရားကြီး ငါးပါးသီလပေးတရားတော်

ရွှေလင်းယုန်ဆရာတော်ဘုရားကြီး ငါးပါးသီလပေးတရားတော်ပါ

ဆရာတော်ကြီးချပေးတဲ့ ငါးပါးသီလထပ်ကိုလိုက်ဆိုပြီး သီလထပ်ရတာ ပိုပြီးထက်သန်တယ်ဆိုတဲ့ ဓမ္မမိတ်ဆွေများအတွက် မျှေ၀ပေးပါရစေ..

ကြာချိန်အားဖြင့် 00:12:18s လေးပဲကြာပါတယ်။

Extension .MP3

Size .11.32 MB

ရယူလိုသော ဓမ္မမိတ်ဆွေများ အောက်က Link မွာ Download ရယူနိုင်ပါတယ်ခင်ဗျ။


 Download 

Monday, February 26, 2018

ကမ္မဌာန်းအလုပ်နှင့်အိပ်ငိုက်ခြင်း တရားဒေသနာတော်

တရားထိုင်ရင်း အိပ်ငိုက်တတ်တဲ့ဓမ္မမိတ်ဆွေများအတွက်

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ ဟောကြားတော်မူအပ်သော

"ကမ္မဌာန်းအလုပ်နှင့်အိပ်ငိုက်ခြင်း" တရားဒေသနာတော် ဖြစ်ပါတယ်။

ရယူလိုသောဓမ္မမိတ်ဆွေများ အောက်ကLink မွာ Download ရယူနိုင်ပါတယ်ခင်ဗျ။


Download



Saturday, February 10, 2018

လယ်တီဆရာ်တော်ဘုရားကြီး ရေးသားစီရင်တော်မူသော ပရမတ္ထဌဒီပနီ

. လယ်တီဆရာတော်ဘုရားကြီး ၏

                          ပရမတၳဒီပနီ ပါဌ 

          ရယူလိုသော ဓမ္မမိတ်ဆွေများ အောက်က Link မွာ

                   Download ရယူနိုင်ပါတယ်ခင်ဗျ


                  Download 



Friday, January 26, 2018

အသုဘဘာ၀နာ တရားဒေသနာတော်

သစ္စာရွှေစည်ဆရာတော် အရှင်ဥတ္တမ ဟောကြားတော်မူအပ်သော

အသုဘဘာ၀နာ တရားဒေသနာတော်ဖြစ်ပါတယ်။

ရယူလိုသောဓမ္မမိတ်ဆွေများ အောက်က Link မွာ Download ရယူသွားနိုင်ပါတယ်ခင်ဗျ။


Download Link



Wednesday, July 26, 2017

ကျေးဇူးတော်ရှင် လယ်တီဆရာတော် - အရှင်၀ိလာသ ဟောကြားတော်မူအပ်သော ဂုဏ်ရည်မတူ တရားတော်



ကျေးဇူးတော်ရှင် လယ်တီဆရာတော် - အရှင်၀ိလာသ ဟောကြားတော်မူအပ်သော

ဂုဏ်ရည်မတူ တရားတော် Size: 51.9MB

>>> Download <<<