စေတသိတ်(၅၂)ပါး
အညသမာန်းစေတသိက်(၁၃)ပါး
စိတ်ကောင်းစိတ်ဆိုး ၂ မျိုးနှင့်ရောသော စေတသိက်များ
သဗ္ဗစိတ္တသာဓာရဏ စေတသိက်(၇ပါး)
အလုံးစုံသောစိတ်တို့နှင့်ယှဉ်သောကြောင်း သဗ္ဗစိတ္တသာဓာရဏစေတသိတ်မည်၏
*********************************************-*-*
၁။ ဖဿ =ထိတွေ့မှု
၂။ ေ၀ဒနာ- ခံစားမှု
၃။ သညာ- မှတ်သားမှု
၄။ စေတနာ- တွန်းအားပေးမှု
၅။ ဧကဂ္ဂတာ}သမာဓိ} တည်တ့ံခိုင်မြဲမှု
၆။ ဇီ၀ိတိနြေ္ဒ- နာမ်သက်
၇။ မနသိကာရ-အာရုံစိုက်}စူးစိုက်မှု
ပကိဏ်းစေတသိက်(၆)ပါး
ပြိုးပြိုးပြွမ်းယှဉ်သောကြောင်း ပကိဏ်စေတသိက်မည်၏
************************************************
၈။ ၀ိတက္က-အတူဖြစ်ဖက်တရားတို့ကို အာရုံသို့တင်ပေးမှု}ကြံစည်မှု
၉။ ၀ိစာရ- အာရုံကို ထပ်ခါထပ်ခါ အာရုံပြု}သုံးသပ်မှု
၁၀။ အဓိမောက္ခ- ဆုံးဖြတ်မှု
၁၁။ ၀ီရိယ- ကြိုးစား}အားတက်သရောရှိမှု
၁၂။ ပီတိ- နှစ်သက်}အားရကျေနပ်မှု
၁၃။ ဆန္ဒ- တောင့်တမှု
အကုသိုလ်စေတသိက်(၁၄)ပါး
စိတ်ကိုမကောင်းအောင်ခြယ်လှယ်သော စေတသိက်များ
*************************************************
၁။ မောဟ-မသိမှု
၂။ အဟိရိက -ကာယဒုစရိတ်စသည်မှ မရှက်ခြင်း
၃။ အနောတ္တပ္ပ-ကာယဒုစရိတ်စသည်မှ မကြောက်ခြင်း
၄။ ဥဒ္ဓစ္စ- စိတ်ပျံ့လွင့်ခြင်း
၅။ လောဘ-လိုချင်မှု
၆။ ဒိဋ္ဌိ-ယူဆမွား
၇။ မာန- ထောင်လွှားမှု
၈။ ဒေါသ- ခက်ထန်မှု
၉။ က္ကုဿ ာ-သူတစ်ပါးစည်းစိမ်ကိုငြူ စူခြင်း
၁၀။ မစ ၦရိယ- မိမိစည်းစိမ်ကို လျိုဝှက်ခြင်း(ကပ်စေးနဲ့ခြင်း)
၁၁။ ကုက္ကုစ္စ- ပြုအပ်ပြီးသောဒုစရိတ် မပြုလုပ်မိသောသုစရိတ်များကို
နောင်တပူပန်ခြင်း
၁၂။ ထိန-စိတ်ထိူင်းမှိုင်းမှု
၁၃။ မိဒ္ဓ- စေတသိက်ထိုင်းမှိုင်းမှု
၁၄။ ၀ိစိကိစ ၦာ-အာရုံကိုမဆုံးဖြတ်နိုင်ခြင်း
သောဘဏစေတသိက်(၂၄)ပါး
သောဘဏသာဓာရဏစေတသိက်(၁၉)ပါး
စိတ်ကိုကောင်းအောင်ခြယ်လှယ်သော စေတသိက်များ
************************************************
၁။ သဒ္ဓါ-ဘုရား/တရား/သံဃာ/ကံကံ၏အကြောင်းအကျိုးတရားများကို
ယုံကြည်မှု
၂။ သတိ-ကောင်းသောအာရုံမှာ အမှတ်ရမှု
၃။ ဟိရီ- မကောင်းမှုလုပ်မှာကိုရှက်ခြင်း
၄။ သြတ္တပ္ပ-မကောင်းမှုလုပ်မှာကိုကြောက်ခြင်း
၅။ အေလာဘ-တရားသဖြင့်မလိုခင်မှု
၆။ အေဒါသ-ကြမ်းတမ်းသောအားဖြင့်မပြစ်မှားခြင်း(မေတ္တာ)
၇။ တတြမဇ္ဈတ္တတာ-တည့်မတ်ခြင်း
၈။ ကာယပဿ ဒ္ဓိ-စေတသိက်တို့၏ငြိမ်းအေးမှု
၉။ စိတ္တ ပဿ ဒ္ဓိ- စိတ်ငြိမ်းအေးမှု
၁၀။ ကာယလဟုတာ- စေတသိက်ပေါ့ပါးမှု
၁၁။ စိတ္တလဟုတာ- စိတ်ပေါ့ပါးမှု
၁၂။ ကာယမုဒုတာ- စေတသိက်နူးည့ံမှု
၁၃။ စိတ္တမုဒုတာ- စိတ်နူးည့ံမှု
၁၄။ကာယကမ္မညတာ- စေတသိက်တို့ ကောင်းမှုမှာ စိုးမိုးမှု
၁၅။ စိတ္တကမ္မညတာ- စိတ်တို့ ကောင်းမှုမှာ စိုးမိုးမှု
၁၆။ ကာယပါဂုညတာ- စေတသိက်တို့ ကောင်းမှုမှာ ကျွမ်းကျင်မှု
၁၇။ စိတ္တပါဂုညတာ-စိတ်တို့ ကောင်းမှုမှာ ကျွမ်းကျင်မှု
၁၈။ ကာယုဇုကတာ- စေတသိက်တို့ ရိုးသားဖြောင့်မတ်မှု
၁၉။ စိတ္တုဇုကတာ- စိတ်တို့ ရိုးသားဖြောင့်မတ်မှု
ဝိရတီစေတသိက်(၃)ပါး
********************
၂၀။ သမ္မာဝါစာ- မုသာဝါဒ/ပိသုဏဝါစာ/သမ္ဖပ္ပလာပ ါစာ ပါးစပ်ဆိုင်ရာ(၄)မျိုး မရှောင်ကြဉ်မှု
၂၁။ သမ္မာကမ္မန ္တ- ပါဏာတိပါဒ/အဒိန္နဒါန/ကာမေသုမိစၧာစာရတည်းဟူသောခန္ဓာကိုယ်ဆိုင်ရာအကျင့်ဆိုး ၃ ပါးကိုရှောင်မှု
၂၂။ သမ္မာအာဇီ၀- နုတ် ကိုယ်ဆိုင်ရာအကျင့်ဆိုး ၇ ပါးကို ရှောင်မှု
အပ္ပမညာစေတသိက်(၂)ပါး
************************
အတိုင်းမသိသောသတ္တဝါပညတ်ကိုအာရုံပြုသောစေတသိက်
၂၃။ ကရုဏာ- သနားမှု
၂၄။ မုဒိတာ- ၀မ်းမြောက်မှု
ပညိနြေ္ဒစေတသိတ်(၁)ပါး
**********************
၂၅။ ပညာ}အေမာဟ}အနိစ္စအစရှိသည်ဖြင့် ထိုးထွင်း၍သိခြင်း