Sunday, September 18, 2016

ဗုဒ္ဓဘာသာဆိုတာ

ဗုဒ္ဓဘာသာဆိုတာ ဘာသာမဟုတ် ---------------------------------------- (လက်ဘနွန် နိုင်ငံသူ ခရီးသြား စာရေးဆရာမ အီလင်း ယူဆွတ် ရဲ့ စာကို ဘာသာပြန်တယ်) "ငါဘုရားရဲ့ တရားတွေကို တွေးကြံနိုင်စွမ်းရှိသူတွေပဲ သိနိုင်မယ်" ဗုဒ္ဓ က်မက ဘာသာတရား ကိုင်းရှိုင်းလှတယ်မဟုတ်၊ ဗုဒ္ဓတရားကိုပဲ ကျင့်ကြံတယ်လို့ ပြောမိတိုင်း မေးခွန်းပေါင်းများစွာ ပြန်လာလေ့ရှိတယ်။ ကမ်ဘာပေါ်မှာ ဗုဒ္ဓတရားကို ဘာသာ တရပ်လို့ အမ်ားက သတ်မှတ်ထားပေမယ့် ကျမအတွက်တော့ ဒီလို မဟုတ္ဘူး။ ပွင့်ပွင့်လင်းလင်း ဆိုရရင်၊ ဒီတရားအကြောင်းကို ဘာမှမသိခင်၊ ဒီ အတွေးအမြင်နဲ့ ထုံးထမ်းတွေကို အတွင်းကျကျ မလေ့လာမိခင်တော့ ကျမလည်း ဒီလိုပဲ ထင်ခဲ့တယ်။ ပထမဆုံးအနေနဲ့ "ဘာသာ" ဆိုတာကို အဓိပ်ပါယျ ဖွင့်ရရင် "ယုံကြည်၊ ကိုးကွယ်ရာ စနစ် တခု" နဲ့ "လူသာမာန် မဟုတ်၊ တန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်မှု" ဆိုရမယ်။ အိန္ဒိယနဲ့ နီပေါကို ခရီးထွက်ပြီး အဲဒီက ဗုဒ္ဓကျောင်းကန်တွေကို လေ့လာကြည့်မိမှ ဗုဒ္ဓဘာသာဆိုတာ ယုံကြည်မှုအပေါ်အခြေခံတဲ့ စနစ် မဟုတ္သလို တန်ခိုးရှင်အပေါ် မွီတဲ့ အဖွဲ့အစည်းလဲ မဟုတ်တာတွေ သတိပြုမိလာတယ်။ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ဗုဒ္ဓကို တန်ခိုးရှင် အဖြစ် မသတ်မှတ်ပါဘူး။ သူတို့အတွက်တော့ ဗုဒ္ဓဟာ ကမ်ဘာပေါ်က တခြားသူတွေလိုပဲ လူသား တယောက်ပါပဲ။ ဒါပေမယ့်၊ သူဟာ ဒုက္ခတွေရဲ့ အကြောင်းရင်း အရှုပ်အထွေးကြီးကို ထုတ်ဖေါ် ရှင်းလင်းခဲ့ပြီး၊ အဲဒီ အရှုပ်အထွေးက လွတ်ရာ လွတ်ကြောင်းအတွက် တိကျသေချာတဲ့ လမ်းကို ပြခဲ့တယ်။ အခုလို သဘာဝ ဓမ္မနဲ့ သံသရာက လွတ်ကြောင်းတွေ ပြသခဲ့တာတောင်၊ သူ့ကို ကိုးကြယ္တာ၊ ဝတ်ပြုဆုတောင်းတာတွေ မလိုချင်ဘူးလို့ အလေးအနက် ဆိုခဲ့သေးတယ်။ တခုပဲ သူတောင်းဆိုတာက သူ့ရဲ့ တရားတွေကို စူးစမ်းစိတ်ဖြာကြည့်ပါ၊ ကိုယ်နဲ့ ကိုက်ရင် ယူပြီး ကျင့်သုံးပါ။ အဲဒီလို မဟုတ်ရင် ဒီတရားကို လက်မခံဖို့ အခွင့်အရေး အပြည့်အဝရှိတယ်။ ဘုရားကျောင်းကန်တွေမှာ ရိုးရာနဲ့ ဘာသာရေး အခမ်းအနားတွေ တွေ့နိုင်ပေမယ့်၊ ဒါတွေဟာ ဝတ်ပြုတာတွေကို အခြေခံတာ မဟုတ်ဘူးလို့ က်မကို ရှင်းပြတယ်။ "ဝတ်ပြုပွဲ" တွေအဖြစ် ကျမတို့ တွေ့ရတဲ့ အစီအစဉ်တွေဟာ အမွန္တရားကို ဖေါ်ထုတ်သွားတဲ့ လူ တေယာက္ကို လေးစား ကျေးဇူးတင်ကြောင်း ပြတာတွေပါပဲ။ ကျမတို့ ကြားနေကြ ဆုတောင်း ရွတ်ဖတ်စာတွေတောင် တကယ္က သတ္တဝါ အားလုံးကို ချွင်းချက်မရှိ အကြင်နာ မေတ္တာ မျှဝေတာတွေပါပဲ။ ဗုဒ္ဓတရားကို ထပ်ပြီး အသေးစိတ် လေ့လာကြည့်ရင် ဘာသာရေး ခေါင်းဆောင်ဆိုတာတောင် တကယ့်တော့ မရွိဘူးဆိုတာ အေသအခ်ာ တွေ့ရမယ်။ Dzongsar Jamyang Khyentse Rinpoche (ဘူတန်လူမျိုး ဘာသာရေးဆရာ၊ ဒါရိုက်တာနဲ့ စာရေးဆရာ) အမြဲပြောသလို ဒလိုင်းလာမားဟာ တိဘက်လူမျိုးတွေအတွက် လောကီရေးရာ ခေါင်းဆောင်၊ ကမ်ဘာပေါ်က ဗုဒ္ဓဘာသာဝင်တွေအပါ အဝင် လူအများရဲ့ အယူဝါဒဆိုင်ရာ ဦးဆောင်သူ ဆိုတာတောင် သူ့အနေနဲ့ ဗုဒ္ဓဘာသာရဲ့ အာဏာပိုင် မဟုတ္သလို ဘယ္သူက ဗုဒ္ဓဘာသာဝင် အစစ်၊ ဘယ္သူက ဗုဒ္ဓဘာသာဝင် အတုဆိုတာတွေ၊ ဘယ်သူတွေက အပြစ်သားတွေ၊ ဘယ်သူတွေကတော့ အျပစ္သားမဟုတ္ဘူး ဆိုတာတွေပါ ဆုံးဖြတ်နိုင်တဲ့ အာဏာ မရွိပါဘူး။ ဒီတော့ ဗုဒ္ဓဘာသာက ဘာသာ မဟုတ်ရင် ဘာလဲ။ က်မ အမြင်အရ ဗုဒ္ဓဘာသာဆိုတာ ဘဝနေနည်း၊ လောက အမြင်နဲ့ လောက သဘာဝ ဓမ္မ တွေပါပဲ။ မရှက်တမ်း ဝန်ခံရရင် ဗုဒ္ဓဘာသာကြောင့် ကျမကြီးပြင်းခဲ့တဲ့ ဘာသာအပြင် ကမ်ဘာ့ ဘာသာတရားတွေကို ပိုမြင်တတ်လာတယ်။ ဗုဒ္ဓတရားနဲ့ မတွေ့ခင် "ကျမ်းစာအုပ်" ဆိုတာ ကျမအတွက်တော့ တရုတ်စာ ဖတ်နေရသလို ဖြစ်မိတယ်။ ဘာကြောင့် ဝတ်ပြုရတယ်၊ ဘာသာရေးထုံးတမ်းတွေ ဘာကြောင့် လုပ်ရတယ်၊ ဘာသာရေး ဆရာတွေရဲ့ သင်ကြားချက်တွေကို တကယ်နားမလည်ပဲ ဘာကြောင့် လိုက်နာရတယ် ဆိုတာတွေအတွက် အဖြေရှာမရဘူး။ ဗုဒ္ဓတရားနဲ့ မတွေ့ခင်အထိ က်မဟာ ဘုရားသခင်အပေါ် ကိုးစားမွီခိုရသူ ဖြစ်ခဲ့တယ်။ က်မ ခန္ဒာရဲ့ အပြင်မှာ တောက်ရှောက် ရှာလာခဲ့တော့ က်မကို က်မ ရှာမတွေ့နိုင်ခဲ့ဘူး။ ဗုဒ္ဓတရားကြောင့် အတွင်းကို ပြန်ကြည့်တတ်လာတယ်။ ဗုဒ္ဓတရားကပဲ ကျမရဲ့ လွတ်လပ်မှုနဲ့ သတိကို သင်ပေးတယ်။ ဗုဒ္ဓတရားကပဲ က်မကို က်မ ဆင်ခြင်နိုင်ဖို့၊ တန်ခိုးရှင်ကို အားမကိုးပဲ ကိုယ့်အပြုအမူ၊ အတွေးအကြံနဲ့ ခံစားမှုတိုင်းကို ကိုယ်တိုင် တာဝန်ယူနိုင်ဖို့နည်းလမ်းတွေ ကူညီခဲ့တယ်။ ဗုဒ္ဓတရားကြောင့် ဘုရားသခင်ဆိုတာ ကောင်းကင်ဘုံကနေ ကျမတို့ကို ဆုံးဖြတ် စီရင်မယ့်သူ မဟုတ္တာ သိမြင်လာတယ်။ ကိုယ်နဲ့ ဘုရား နှစ်ခုကွဲ ဘဝကို အဆုံးသတ်နိုင်ခဲ့ပြီး ဘုရားဆိုတာ လူတိုင်း၊ အရာဝတၳတိုငျး နေရာတိုင်းမှာ ကိန်းဝပ်တယ် ဆိုတာလည်း ဆင်ခြင် နိုင်ခဲ့တယ်။ ဘုရားဆိုတာ အပြင်မှာ မဟုတ်၊ လက်လှမ်းမမီနိုင်တဲ့ အရာလည်း မဟုတ်၊ ကိုယ်တွင်းမှာ ရွိတဲ့ တရားသာ ဖြစ်ပါတယ်။ ဒါဖြင့် ဘာလို့ ဗုဒ္ဓတရားကို လေ့လာကြည့်ဖို့၊ ဒါမှမဟုတ် ကျင့်ကြံကြည့်ဖို့ လိုသလဲလို့ တွေးမိကြမှာပါပဲ။ ဒါကေတာ့ တယောက်စီရဲ့ ခံယူချက်၊ ဆုံးဖြတ်ချက်တွေ ပေါ်မှာပဲ မူတည်တယ်လို့ ယုံကြည်တယ်။ ဒါပေမယ့် ကြီးမြတ်တဲ့ နှလုံးသားနဲ့ ဖွင့်ထားတဲ့ စိတ်ကြောင့် အသိ တိုးလာမယ်၊ တွေးတော ကြံဆ လာနိုင်မယ်ဆိုတာ အရံှုးမရှိတဲ့ ကိစ္စလို့လည်း ယုံကြည်တယ်။ ဗုဒ္ဓဘာသာရဲ့ တခြားဘာသာတွေနဲ့ မတူတဲ့ အခ်က္က ဘာသာဝင်တွေအနေနဲ့ သူ့တရားကိုပဲ ဖက်တွယ်ထားရမယ်လို့ မဆိုထားဘူး။ ဗုဒ္ဓဘာသာဝင် တယောက်အတွက် တပါးသူတေယာက္က ဘယ္က လာတယ်၊ ဘာကိုယုံကြည်ပြီး ဘာကို ကိုးကြယ္သလဲ ဆိုတာတွေက အေရးမပါဘူး။ သူတို့ အေလးထားတာက သင့်အနေနဲ့ "အရာတိုင်းဟာ မမြဲဘူး" ဆိုတဲ့ ဓမ္မကို မြင်နိုင်ဖို့ဆိုတာပဲ။ (စကားချပ်၊ ဥပမာ ဦးဂိုအင်ကာရဲ့ ကမ်ဘာ အနံ့ှက တရား စခန်းတွေမှာ ဗုဒ္ဓဘာသာဝင်ပဲ လာရမယ်လို့ မရွိဘူး၊ ဗုဒ္ဓဘာသာဝင် ဖြစ်လာဖို့လည်း မတိုက်တွန်းဘူး။ တရားပြသူတွေကလည်း ဘုန်းကြီးတွေ မဟုတ္ဘူး)။ ဗုဒ္ဓတရားကို လေ့လာကြည့်တာ အကျိုးများပါတယ်။ ဘာလို့လည်းဆိုတော့ သူ့ရဲ့ပန်းတိုင်ကကို ဘာသာကို အကျိုးရှိအောင် မဟုတ်ပဲ ကျင့်ကြံသူကို အကျိုးရှိစေဖို့ ဖြစ်လို့ပါပဲ။ ဗုဒ္ဓတရားရဲ့ အကျိုးတွေကတော့ သဘာဝ ဓမ္မ၊ ဘဝ ရလာပုံနဲ့ မိမိကိုယ္ကို တကယ် နားလည်လာမယ်။ Dzognsar Khyentse (ဘူတန်လူမျိုး ဘာသာရေးဆရာ၊ ဒါရိုက်တာနဲ့ စာရေးဆရာ) ပြောခဲ့တာတခုကိုပဲ ပြန်ပြောရရင် "ဗုဒ္ဓတရားဟာ ယောကြၤား မိန်းမ ဘယ်နှစ်ယောက် ယူသင့်တယ်၊ (ဘာသာရေးခွန်) ဘယ္ကို ပေးသင့်တယ်၊ သူခိုးကို ဘယ္လို အပြစ်ပေးရတယ် စတဲ့ လောကီရေးရာ ပြဌာန်းချက်တွေမဟုတ်ဘူး။ ဗုဒ္ဓတရားမှာ မင်္ဂလာ ဘယ်လိုဆောင်ရမယ်ဆိုတဲ့ ထုံးတမ်း သတ်မှတ်ချက်တောင် ရွိတာ မဟုတ္ဘူး"။ ဗုဒ္ဓအနေနဲ့ လူတွေ ကြားချင်တာ ပြောခဲ့တာ မဟုတ်ပါဘူး။ သဘာဝဓမ္မကို မြင်နိုင်အောင် အလင်းဖွင့်ပေးခဲ့ရုံပါပဲ။ သင်လည်း မြင်နိုင်ဖို့ အဆင်သင့် ဖြစ်ပြီလား။ CREDIT TO >>> Nyein Khant (ဘာသာပြန်သူ) http://www.elephantjournal.com/2016/05/buddhism-is-not-a-religion-its-something-much-better/ ----------------------------------------------------------- I get plenty of comments when I say that Im not a religious person, but I am a practicing Buddhist. Although Buddhism is known worldwide as a religion, for me it is not. Frankly, I used to perceive it as one, before knowing anything about it and delving into its culture. To start off, the word religion means a system of faith and worship and the belief in a superhuman, or god with power. After visiting India and Nepal, and observing the Buddhist complex, I came to notice that Buddhism is neither a system of faith, nor a god-based institution. Buddhists do not consider the Buddha as a supreme god. For them, he is a man like any other man whos walked on the earth. Nevertheless, Buddha untangled the reasons of suffering and offered us a concrete way of getting out of them. And although he did offer the world teachings about how to get unstuck from samsara, he insisted that he wanted no worship or praying. All he asked for is that we must examine his teachings first, and if they do resonate with us, then we practice them. If not, however, we have the utter freedom to leave them. Although I have watched rituals and ceremonies being held at monasteries, Ive been told that theyre not in any way worship-based. The so-called worship that we might see is one that is offered as a way of showing respect and thankfulness to the man who exhibited the truth. Even the prayers that we hear are ones that read compassion, kindness and love to all sentient beings, without any exception. If we look more closely at Buddhism, we can even ascertain that there is no leader in the culture. Dzongsar Khyentse constantly talks about how the Dalai Lama is a secular leader for the Tibetan community in exile and a spiritual master to many people all over the worldand not merely for Buddhists. He insists that there is no authority in Buddhism with the power to decide who is a true Buddhist and who is not, or who is punishable and who is not. If Buddhism isnt a religion, what is it then? The way I see it, Buddhism is a way of lifeits a philosophy and a truth that simply represents how things are in life. I must admit (and Im not ashamed to claim it) that Buddhism has helped me understand the religion I was brought up with, as well as all the other religions in the world. Before being introduced to Buddhism, holy books were on par with the Chinese language to me. I couldnt understand why I was supposed to pray, to attend religious ceremonies or to follow a spiritual leader, without true conviction or belief for what theyre saying. Before Buddhism, I was co-dependent on God. I constantly searched outside of myself, and I believe this is why I never found myself. Buddhism helped me look inward. It taught me independence and self-awareness. Through it, I began to understand how the world ticks. It helped me look at myself and take responsibility for my actions, thoughts and emotions, rather than taking refuge in a supreme god. With Buddhism, I came to finally understand that God isnt a judgmental man who lives in the clouds. I stopped this duality between God and myself, and I figured out that God is in everyone (and everything and everywhere). It is not something that is outside of us or something we cannot reachit is in us. So you might ponder the questionwhy is it worth looking into Buddhism or practicing it? I utterly believe to each their ownhowever, I also believe that it is never wrong to live with an open heart and an open mind which expands our knowledge and raises questions in our heads. Unlike other religions, Buddhism doesnt tell its followers to stick only to its teachings. Buddhists dont care where youre from, what you believe in or who you worship. All they care about is that you know the truthand the truth is: All compounded things are impermanent. Its worth understanding Buddhism, because the final outcome of its purpose is not something that is beneficial to itselfthe benefits are for our own sake. The benefit is that we will actually understand the truth of life, our existence and ourselves. Again, like Dzognsar Khyentse said, Buddhism is not a survival kit for living that dictates how many husbands a wife should have or where to pay taxes or how to punish thieves. Buddhism doesnt even have a ritual for wedding ceremonies. The Buddha didnt tell people what they wanted to hearhe simply opened their eyes to the truth of life. Are you ready to hear it?